Connect with us

Politics, Law & Military

နျူကလီးယားလုံခြုံရေးအတွက် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မည်ဟု အိုဘားမားပြော

NSS 2016 ဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဘာရက်အိုဘားမားတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေစဉ် ( ဆင်ဟွာ )

ဝါရှင်တန်၊ဧပြီ ၂ ရက် ( ဆင်ဟွာ )

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နျူကလီယားလုံခြုံရေးအတွက် တရုတ်-အမေရိကန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဟု ဧပြီလ ၁ရက်တွင်ပြုလုပ်သည့် လေးကြိမ်မြောက် NSS ဆွေးနွေးပွဲ၌ ထုတ်ဖော်ပြောကြားလိုက်သည်။

ထို့ပြင် မကြာသေးခင်ကာလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ဖွင့်လှစ်ခဲ့သည့် နျူကလီးယားလုံခြုံရေးနှင့် လေ့ကျင့်ရေး အထောက်အကူပြုရေး စင်တာ နှင့်ပတ်သက်ပြီး သမ္မတအိုဘားမားက ချီးကျူးစကားဆိုခဲ့သေးသည်။

၂ဝ၁၆ ခုနှစ် NSS နျူကလီးယားလုံခြုံရေးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပနေပြီး ကမ္ဘာနိုင်ငံပေါင်း ၅၂ နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုတို့မှ ခေါင်းဆောင်များ တက်ရောက်နေကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အနာဂတ်နျူကလီးယား အရေးအတွက် ဆောင်ရွက်ကြမည့် အစီအစဉ် ၅ ခုကို ချမှတ်ခဲ့ကြသည်။ ပြီးခဲ့သော NSS ဆွေးနွေးပွဲများကို ၂ဝ၁၂ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် ၂ဝ၁၄ ခုနှစ်တွင် နယ်သာလန်နိုင်ငံ The Hague မြို့များတွင် ကျင်းပခဲ့ကြောင်းသိရသည်။

၂၀၁၆ ခုနှစ် NSS ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က အနာဂတ်ကာလ နျူကလီးယားလုံခြုံရေးအတွက် ကမ ္ဘာ့နိုင်ငံ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း အကြမ်းဖက်သမားများလက်ထဲသို့ နျူးကလီးယားထုတ်လုပ်နိုင်သည့် ပစ္စည်းများ ရောက်ရှိမသွားစေရန် တားဆီးသွားရမှာဖြစ်ကြောင်း နှင့် ၂ဝ၁ဝ ပြည့်နှစ်ကတည်းကစတင်ပြုလုပ်ခဲ့သည့် NSS ဆွေးနွေးပွဲများသည် ယခုအခါ “ အရေးပါသော အခြေအနေတစ်ရပ် ” သို့ရောက်ရှိလာပြီဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားက အယ်လ်ကိုင်းဒါး အကြမ်းဖက်အုပ်စုအနေဖြင့် နျူကလီးယား ထုတ်လုပ်နိုင်သည့် ပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရရန် အချိန်အတော်ကြာကတည်းက ကြိုးပမ်းနေကြကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဥရောပ အကြမ်းဖက်တိုက်ခိုက်ခံရမှုများတွင်လည်း အကြမ်းဖက်သမားများအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ကြိုးစားနေသည်ကို တွေ့ရကြောင်း နှင့် အိုင်အက်စ်အကြမ်းဖက်အဖွဲ ့အနေဖြင့် ဆီးရီးယား နှင့် အီရတ်နိုင်ငံများတွင် ဓာတုလက်လက်များဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.