Connect with us

Science & Technology

တရုတ်နိုင်ငံ မှ ဥရောပတိုက်သို့ တင်သွင်းသည့် ပထမဦးဆုံး နှစ်ထပ်အမြန်ရထား တည်ဆောက်မှုပြီးစီး၍ ဈေးကွက်သို့ စတင် တင်ပို့

ချန်ရှား ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ မှ ထုတ်လုပ်သည့် ပထမဦးဆုံးသော ဥရောပတိုက် သို့ တင်သွင်းပေးသည့် နှစ်ထပ်အမြန်ရားထား တည်ဆောက်မှုပြီးစီး၍ မေလ ၃၁ ရက်တွင် ဈေးကွက်သို့ စတင်တင်ပို့လိုက်သည်။ယင်းမှာ တရုတ်နိုင်ငံ မှ အီးယူ ရထားလမ်း အပြန်အလှန် ချိတ်ဆက်မှုနည်းစနစ် သတ်မှတ်ချက်များအရ ကိုယ်ပိုင်တီထွင်ထုတ်လုပ်ပေးခဲ့သည့် ရထားတွဲဖြစ်ပြီး အမြင့်ဆုံး တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ မောင်းနှင်နိုင်ကြောင်း ၊ ခရီးသည်ပိုမိုများပြားစွာ တင်ဆောင်နိုင်ခြင်း ၊ သွက်လက်စွာ လိုရာတည်းဖြတ်ပုံဖော်နိုင်ခြင်း ၊ လုံခြုံမှုဆိုင်ရာ ယုံကြည်အားကိုရခြင်း ၊ စမတ်ကျခြင်း နှင့် အဆင်ပြေစွာ စီးနင်းလိုက်ပါနိုင် ခြင်း စသည့် ထူးခြားချက်များကြောင့် သြစတြီးယား ၊ ဂျာမနီ နှင့် ဟန်ဂေရီ စသည့် နိုင်ငံ ၅ နိုင်ငံတို့၏ ရထားလမ်းကြောင်းတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုဈေးကွက်သို့ စတင်တင်ပို့သည့် ရထားတွဲသည် မောင်းနှင်မှုပေးနိုင်သည့် အတွဲ ၂တွဲ ၊ ချိတ်ဆက်လိုက်ပါသည့် အတွဲ ၄ တွဲ ဖြင့် ရထားတွဲ ၆ တွဲ အခြေခံ ဖွဲ့စည်းမှုပုံစံအား အသုံးပြုထားကြောင်း ၊ ခရီးသည် ၅၇၁ ဦး ထိုင်ခုံဖြင့်လိုက်ပါနိုင်မည်ဖြစ်ပြီး အများဆုံး ခရီးသည် ၁,၂၈၀ ဦးကို တင်ဆောင်နိုင်မည်ဖြစ်ကြောင်း ၊ တစ်ထပ်ရထားတွဲနှင့် နှိုင်းယှဉ်ပါက ခရီးသည် ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိ ပိုမိုတင်ဆောင်နိုင်မည်ဖြစ်ပြီး ဥရောပတိုက် လူအများလိုက်ပါကြသည့် အမြန်ရထားလမ်းကြောင်းအတွက် အခက်အခဲကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

တစ်ချိန်တည်းတွင် ရထားတွဲအနေဖြင့် နှစ်ဘက် အပြန်အလှန် တွန်းအားဖလှယ်သည့် စနစ်ဖြင့် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ပြီး အလိုအလျောက် နှင့် ကိုယ်တိုင်မောင်း ပုံစံ နှစ်မျိုးလုံး ဆောင်ရွက်နိုင်ကြောင်း ၊ လျှပ်စစ်ထောက်ပံ့မှု ပုံစံ အမျိုးမျိုးကိုလည်း ဖော်ဆောင်နိုင်ပြီး လိုအပ်ချက်အရ လျှင်မြန်စွာ ပြောင်းလဲမှုဆောင်ရွက်နိုင်ကြောင်း ၊ ရထားတွဲတွင် အချက်အလက်ပေးပို့သည့်စနစ် များစွာ ပါဝင်ပြီး ဥရောပတိုက် ရထားလမ်း အပြန်အလှန်ချိတ်ဆက်ပို့ဆောင်မှု လိုအပ်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရသည်။

CRRC Zhuzhou Locomotive ကုမ္ပဏီ ဒုတိယ အင်ဂျင်နီယာချုပ် ဖန်ယွင့်ရှင်း က ရထားတွဲ ကိုယ်ထည်တစ်ခုလုံးအနေဖြင့် အလူမီနီယမ်အလွိုင်းကို အသုံးပြုထားပြီး ထိခိုက်မှုဖြစ်ပွားချိန်တွင် များစွာ ကာကွယ်မှုပေးနိုင်သဖြင့် ဥရောပတိုက် လုံခြုံရေး စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ၊ ထို့ပြင် အဝေးမှ အခြေအနေ ကြီးကြပ်တိုင်းတာမှု စနစ်တိုလည်း ပါဝင်သောကြောင့် အချိန်နှင့် တပြေးညီ ရထားတွဲ စနစ်အခြေအနေ နှင့် ချွတ်ယွင်းမှု အခြေအနေကိုလည်း ထိန်းသိမ်းမှုစင်တာသို့ အချက်အလက်များ ပို့ဆောင်ပေးနိုင်ကြောင်း ၊ ယင်းကဲ့သို့သော စနစ်များက ရထားတွဲအခြေအနေ ကြီးကြပ်မှု ၊ ချွတ်ယွင်းချက်အပေါ် သုံးသပ်မှု နှင့် ထိန်းသိမ်းပြုပြင်ခြင်းဆောင်ရွက်မှုတို့အပေါ် အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် CRRC Zhuzhou Locomotive ကုမ္ပဏီ နှင့် သြစတြီးယား လုပ်ငန်းကုမ္ပဏီ တို့မှ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းတွင် CRRC Zhuzhou Locomotive ကုမ္ပဏီ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားသည့် သက်ရောက်မှုအောက်တွင် တက်ကြွစွာ ကိုယ်ပိုင် ဒီဇိုင်းရေးဆွဲ တီထွင်မှု ၊ ထုတ်လုပ်မှု နှင့် စမ်းသပ်မှုတို့ကို အချိန် ၁၈ လ အတွင်း ပြီးစီးအောင် ဆောင်ရွက်ကာ ရထားတွဲ ဈေးကွက်သို့ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ လတ်တလောနှစ်ပိုင်းတွင် CRRC Zhuzhou Locomotive ကုမ္ပဏီ ထုတ်လုပ်လိုက်သော ရထားတွဲ နှင့် ဆက်စပ် ရထားတွဲများသည် စင်္ကာပူ၊ တောင်အာဖရိက၊ ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဘရာဇီး နှင့် မက္ကဆီကို စသည့် နိုင်ငံ နှင့် ဒေသပေါင်း ၂၃ ခုသို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။ (Xinhua)

——————————————————
(Chinese Version)

(经济)中国首列出口欧洲双层动车组下线

新华社长沙6月1日电(记者刘芳洲)5月31日,中国首列出口欧洲双层动车组在中车株洲电力机车有限公司下线。这是我国自主研制的满足欧盟铁路互联互通技术规范的双层动车组,最高运营时速200公里,具有载客量大、灵活编组、安全可靠、智能舒适等特点,将在奥地利、德国、匈牙利等5个国家铁路线上运行。

此次下线的列车采用2动4拖6节的基本编组形式,座席载客571人,最大载客1280人,较单层车运量提高30%至35%,可有效缓解欧洲繁忙线路运力紧张的问题。

同时,动车组采用双流制交流传动系统集成设计,具备自动切换和手动切换两种模式,可以实现不同供电制式、不同功能需求的快速切换,并配置多套信号系统,满足欧洲铁路互联互通的运输需求。

中车株机公司副总工程师樊运新介绍,列车采用整体承载结构的铝合金车体,具有较强防撞性能,满足欧洲标准的安全体系。同时配置远程状态监测系统,可将实时位置、系统状态和故障情况等信息无线传输至维保中心,为车辆的状态监控、故障诊断和检修维护提供支持。

自2019年12月与奥地利企业签约以来,中车株机公司克服新冠疫情全球暴发的不利影响,积极开展设计研发、生产制造、调试试验,仅用18个月就完成新造车辆下线。近年来,中车株机公司研制的电力机车、城轨车辆、动车组等产品已出口至新加坡、南非、捷克、德国、巴西、墨西哥等23个国家和地区。(完)