Connect with us

Science & Technology

တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီးများ က 5G နည်းပညာကို စတင်စမ်းသပ်လုပ်ဆောင်မည်

5G အင်တာနက်စနစ် အားကြော်ငြာထားသည့် ဆိုင်းဘုတ်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှိ ဆက်သွယ်ရေးကုမ္ပဏီကြီး ၃ခု ဦးဆောင်၍ ၂၀၁၇ခုနှစ် ဒုတိယနှစ်ဝက်အတွင်း 5G နည်းပညာ ကို မြို့ပေါင်းများစွာ၌ စတင်စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးသတင်းအချက်အလက် နေ့စဉ် သတင်းစာက ဇူလိုင် ၄ ရက်တွင်ဖော်ပြခဲ့သည်။

ရှေ့ပြေးစီမံကိန်းများအား ပေကျင်း၊ ရှန်ဟိုင်း၊ ချုံချင့်၊ ကွမ်ကျိုး၊ နန်ကျင်း၊ ဆူကျိုး နှင့် နင်ပေါမြို့များအပါအဝင် မြို့များစွာတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆင်ဟွာပိုင်သတင်းစာ တစ်ခုက China Mobile၊ China Unicom နှင့် China Telecom အမည်ရှိ ဆက်သွယ်ရေးကုမ္ပဏီကြီး များမှ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါ ကုမ္ပဏီများသည် 5G နည်းပညာကို စမ်းသပ်သွားမည်ဖြစ်ပြီး အခြေစိုက်စခန်းများ တည်ဆောက်ကာ ကွန်ရက်အပေါ်အခြေခံ၍ မောင်းသူမဲ့မောင်းနှင်ခြင်း၊ စမတ်မြို့များ၊ စမတ်နေအိမ်များ စသည်တို့ကို လုပ်ဆောင်နိုင်သည့် အပလီကေးရှင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေ့ပြေးအစီအစဉ်များကို အနာဂတ်တွင် ကျန်းရှီ၊ ဟိုင်နန်၊ စန်ရှီ၊ စန်းတုန်း၊ ကျဲ့ကျန်း နှင့် ဟဲပေပြည်နယ်များရှိ နောက်ထပ် အခြားသော မြို့ ၁၀မြို့ (သို့) ထိုထက်ပိုမိုသော မြို့များအထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် ဖွံ့ဖြိုးနေသော နိုင်ငံတကာ 5G စံချိန်စံညွှန်းတွင် တရုတ်နိုင်ငံအနေဖြင့် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လာနိုင်ရန် ကူညီပေးမည်ဖြစ်ပြီး 5G နည်းပညာ နောက်ထပ်ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် စီးပွားဖြစ် အသုံးနိုင်မည့် နည်းလမ်းများ ရရှိလာစေရန် လမ်းခင်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် 5G မိုဘိုင်းကွန်ရက်များအား စီးပွားဖြစ်အသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲထားပြီး ၂၀၂၀ခုနှစ် အစောပိုင်း တွင် ဆက်သွယ်ရေး ပိုမို မြန်ဆန်လာစေရန် နှင့် စွမ်းအင်သုံးစွဲမှု လျော့ကျသွားစေရန်အတွက် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.