Connect with us

Science & Technology

တရုတ်နိုင်ငံရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော် တံတား၏ အဓိက လမ်းပိုင်းအား တည်ဆောက်ပြီးစီး

ချင်းတွင်းမြစ်ရေ မြင့်တက်မှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ကွမ်ကျိုး၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဟောင်ကောင်၊ ကျူးဟိုင် နှင့် မကာအိုဒေသတို့ကို ဆက်သွယ်ပေးမည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော် တံတား၏ အဓိက လမ်းပိုင်းတည်ဆောက်မှု သည် ဇူလိုင် ၇ ရက်တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း တံတားတည်ဆောက်သူများက ပြောကြားခဲ့သည်။

တံတား စီမံခန့်ခွဲရေးဗျူရို ညွှန်ကြားရေးမှူး Zhu Yongling က တံတားတည်ဆောက်ရန် အချိန် ၇နှစ်ကြာမြင့်ခဲ့ပြီး ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် အများပြည်သူသွားလာနိုင်ရန် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းတံတား၏ ပင်မလမ်းပိုင်း အရှည်သည် ၂၉.၆ကီလိုမီတာ ရှိပြီး တံတားလမ်းပိုင်း အရှည် ၂၂.၉ကီလိုမီတာ နှင့် မြေအောက်တူးမြောင်း အရှည် ၆.၇ကီလိုမီတာတို့ ပါဝင်ကြောင်း သိရသည်။ တံတား၏ စုစုပေါင်းအရှည်မှာ ၅၅ကီလိုမီတာ ရှိကြောင်း သိရသည်။

Zhu က တံတားသည် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပြဿနာအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပြီး နောက်လအနည်းငယ်အတွင်း အများပြည်သူအသုံးပြုနိုင်ရန်အတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂလိပ်အက္ခရာ Y ပုံသဏ္ဍာန်ရှိသည့် အဆိုပါတံတားသည် ဟောင်ကောင် နှင့် ကျူဟိုင်ဒေသ အကြား ခရီးသွားချိန် ၃နာရီမှ ၃၀မိနစ် အထိ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ပုလဲမြစ်ဝကျွန်းပေါ် ရှိ မြို့များကိုလည်း စုစည်းပေးနိုင်မည်ဖြစ်ကြောင်း တံတား စီမံခန့်ခွဲရေးဗျူရို လက်ထောက် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Wei Dongqing ကပြောကြားခဲ့သည်။

ပင်လယ်ဖြတ်ကျော် တံတား သည် ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော် ဧရိယာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ကဏ္ဍသစ်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.