Connect with us

Science & Technology

နိုင်ငံတကာဖြင့် ပူးတွဲပြုစုသော သိပ္ပံစာတမ်းများ အဆင့်တွင် တရုတ်နိုင်ငံက တတိယနေရာ၌ ရပ်တည်

တရုတ်နိုင်ငံ၏ လျှပ်စစ်ရထား တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးသားထုတ်ဝေခဲ့သော တရုတ်နိုင်ငံ သုတေသနပညာရှင်များ၏ စာတမ်းပေါင်းမှာ ၇၁ဝဝဝ ထိ ရှိခဲ့ကြောင်း ၊ ကမ္ဘာ့အဆင့်တွင် တတိယ နေရာအထိ တက်လှမ်း နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် တစ်ခုအရသိရသည်။

အမျိုးသား သိပ္ပံ နှင့် နည်းပညာ မြှင့်တင်ရေးစင်တာ ( NCSTE) နှင့် Clarivate ခွဲခြမ်းစိတ်ဖြာမှုများ တို့ မှ ပူးတွဲ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ၂ဝဝ၆ ခုနှစ် ကတည်းက တရုတ်နိုင်ငံသည် သိပ္ပံ နှင့် နည်းပညာ နယ်ပယ်တွင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

သုတေသနတွင် အသုံးပြုမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) အတွက် အသုံးပြုသော ငွေကြေးပမာဏသည် ၂ဝဝ၆ ခုနှစ်တွင် နိုင်ငံံ့ GDP ၏ ၁.၄၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ၂.၁ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ကြောင်း သိရသည်။

NCSTE ညွှန်ကြားရေးမှူး Wang Ruijun က ဆယ်နှစ်တာကာလအတွင်း သိပ္ပံစာတမ်းများအတွက် တရုတ်နိုင်ငံ၏ သိပ္ပံသုတေသနကဏ္ဍသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတကာမိတ်ဖက်များဖြင့် ပူးပေါင်းရေးသားခဲ့သော တရုတ်နိုင်ငံ၏ သိပ္ပံစာတမ်းသည် ကမ္ဘာ့ပျမ်းမျှအဆင့်ထက် ၁.၅ ရာခိုင်နှုန်း ပို၍ မြင့်မားနေကြောင်း သိရသည်။

NCSTE သည် နိုင်ငံတကာ အဆင့်မြင့် သိပ္ပံ-နည်းပညာအကဲဖြတ် အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် လုပ်ကိုင်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.