Connect with us

Science & Technology

တရုတ်နိုင်ငံ၏ စီးပွားဖြစ်ဒုံးပျံ CERES-1 ကို အလုံးစုံအောင်မြင်စွာ စမ်းသပ်လွှတ်တင်နိုင်ခဲ့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဒုံးပျံလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၏ CERES-1 ဒုံးပျံသစ်ကို လွှတ်တင်နေစဉ်( Wang Jiangbo/Xinhua)

Jiuquan ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

စီးပွားဖြစ်အသုံးပြုရန် ပုံစံထုတ်လုပ်ထားသော တရုတ်နိုင်ငံ၏ ဒုံးပျံထိပ်ဖူးအသစ် CERES-1 ကို နိုဝင်ဘာ ၇ ရက်က ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာစမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံကို ပေကျင်း(ဒေသစံတော်ချိန်) ညနေ ၃ နာရီ ၁၂ မိနစ်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Jiuquan ဒုံးပျံလွှတ်တင်ရေးစင်တာ မှ အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဒုံးပျံလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၏ CERES-1 ဒုံးပျံသစ်ကို လွှတ်တင်နေစဉ်( Wang Jiangbo/Xinhua) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဒုံးပျံလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၏ CERES-1 ဒုံးပျံသစ်ကို လွှတ်တင်နေစဉ်( Wang Jiangbo/Xinhua) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဒုံးပျံလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၏ CERES-1 ဒုံးပျံသစ်ကို လွှတ်တင်နေစဉ်( Wang Jiangbo/Xinhua) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဒုံးပျံလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၏ CERES-1 ဒုံးပျံသစ်ကို လွှတ်တင်နေစဉ်( Wang Jiangbo/Xinhua) 

ပေကျင်းမြို့အခြေစိုက် အဆင့်မြင့်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Galactic Energy မှ တီထွင်ထုတ်လုပ်ခဲ့သည့် CERES-1 ဒုံးပျံထိပ်ဖူးသည် အရွယ်အစားသေးငယ်သော ဒုံးပျံထိပ်ဖူးတစ်မျိုးဖြစ်ပြီး အောက်ပိုင်း-ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲသို့ အရွယ်အစားသေးငယ်သော ဂြိုဟ်တုများအား သယ်ဆောင်ပေးနိုင်ရန် ဖန်တီးထုတ်လုပ် ထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုလွှတ်တင်လိုက်သော CERES-1ဒုံးပျံက Tianqi constellation မှ ပိုင်ဆိုင်သော ဂြိုဟ်တုငယ်တစ်စင်းကို ဂြိုဟ်ပတ်လမ်းထဲသို့ သယ်ဆယ်ပေးခဲ့သည်။ အဆိုပါ Tianqi-11 ဂြိုဟ်တုကို အချက်အလက်များစုဆောင်းရန် နှင့် ထပ်ဆင့်ထုတ်လွှင့်ခြင်းများ ပြုလုပ်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)