Connect with us

Science & Technology

တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့်ငွေပေးချေအသုံးပြုသူ ၂၀၁၈ ခုနှစ်တွင် ၅၈၃သန်းအထိရောက်ရှိလာ

မိုဘိုင်းဖုန်းဖြင့်ငွေပေးချေမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ် တွင် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးချေမှုများ သည် ၅၈၃ သန်းအထိရှိလာပြီး ၂၀၁၇ ခုနှစ် ထက် ၁၀.၇ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း တရုတ်အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာ (CNNIC) ၏ အစီရင်ခံစာအရ သိရသည်။

၂၀၁၈ ခုနှစ် တွင် စုစုပေါင်း လူသန်း ၆၀၀ သည် အွန်လိုင်းငွေပေးချေမှုကို အသုံးပြုခဲ့ကြပြီး တစ်နှစ်ထက် တစ်နှစ် ၁၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ယခုရက်သတ္တပတ်အစောပိုင်းတွင် CNNIC အစီရင်ခံစာတွင် ပါရှိသည်။

တရုတ်နိုင်ငံ၌ အင်တာနက်အသုံးပြုသူများထဲတွင် အပြင်ထွက်ဈေးဝယ်သောအခါ မိုဘိုင်းဖုန်းအသုံးပြု၍ ငွေပေးချေမှုပြုလုပ်သူ အရေအတွက်သည် ၂ဝ၁၇ ခုနှစ်တွင် ၆၅.၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအခါ ၆၇.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

လူပေါင်း ၄ဝ၆ သန်းကျော်သည် အွန်လိုင်းပေါ်မှတဆင့် အစားအစာများကို မှာယူမှုပြုလုပ်ခဲ့ကြရာ ၂ဝ၁၇ ခုနှစ်ထက် ၁၈.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၊ ၎င်းတို့အနက် ၃၉၇ သန်းမှာ မိုဘိုင်းဖုန်းကို အသုံးပြု၍ မှာယူခဲ့ကြသဖြင့် ဖုန်းအသုံးပြု၍ မှာယူမှုသည် တစ်နှစ်ထက်တစ်နှစ် ၂၃.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအခြေစိုက် အွန်လိုင်းငွေပေးချေရေး လုပ်ငန်းများသည် တရုတ်နိုင်ငံပြင်ပအထိ ၎င်းတို့၏ လုပ်ငန်းများကို တိုးချဲ့ခဲ့ကြသည်။Alipay နှင့် WeChat ငွေပေးချေရေးဝန်ဆောင်မှု နှစ်ခုသည် ကမ္ဘာ့နိုင်ငံပေါင်း ၄ဝ ကျော် နှင့် သက်ဆိုင်ရာဒေသများတွင် အွန်လိုင်းငွေပေးချေရေး လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုလုပ်လျက်ရှိနေပြီး တစ်ချိန်တည်းမှာပင် အခြားသောတရုတ် အွန်လိုင်းငွေပေးချေရေး လုပ်ငန်းအချို့သည် အာဆီယံ ၉ နိုင်ငံ နှင့် ဒေသတွင်း၌ ပြည်တွင်းမိုဘိုင်းဖုန်းငွေပေးချေရေး ဝန်ဆောင်မှုများနှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ၏ အင်တာနက်အသုံးပြုသူစုစုပေါင်းမှာ ၈၂၉ သန်း ရှိပြီး ၂၀၁၇ ခုနှစ် ထက် ၇.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.