Connect with us

Science & Technology

တရုတ်နိုင်ငံ ဆန်းကျန့်၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာကို စီးပွားဖြစ် စတင်အသုံးပြုမည်

ဆန်းကျန့် ၌ 5G နည်းပညာချိတ်ဆက်အသုံးပြုမှု ကြော်ငြာဘုတ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။

ယခုနှစ်အတွင်း ဆန်းကျန့်မြို့၌ 5G ကွန်ရက် အခြေစိုက်စခန်းပေါင်း ၁,၉၅၅ ခု ကို စတင်တပ်ဆင်သွားမည်ဖြစ်ကြောင်း မြို့တော် စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဗျူရို၏ ထုတ်ပြန်ချက် အရသိရသည်။

မြို့တော်အနေဖြင့် အနာဂတ်မြို့ဆက် သတင်းအချက်အလက်အခြေခံအဆောက်အအုံကို တည်ဆောက်ရန် ငွေကြေးတိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကာ အင်တာနက် အသုံးအဆောင်ပစ္စည်များတပ်ဆင်သုံးစွဲခြင်း၊ Smart နည်းပညာ နှင့် မော်တော်ကားများ ချိတ်ဆက်၍ အသုံးပြုခြင်းများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် 5G ကွန်ရက်ချိတ်ဆက်မှုကိုလုပ်ဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီ နှောင်းပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်ရှိ ကွမ်ကျိုးဘိုင်ယန်(Guangzhou Baiyun) နိုင်ငံတကာလေဆိပ်တွင် 5G ကွန်ရက် အခြေစိုက်စခန်း တစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ရှန်ဟိုင်း Hongqiao ရထားဘူတာတွင်လည်း 5G ကွန်ရက် အခြေစိုက်စခန်းတစ်ခုကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.