Connect with us

Science & Technology

တရုတ်နိုင်ငံမှ တယ်လီကွန်းဆက်သွယ်မှုနည်းပညာ စမ်းသပ်ရေးဂြိုဟ်တု လွှတ်တင်

တရုတ်နိုင်ငံ မှ အမှတ် ၃ တယ်လီကွန်းဆက်သွယ်မှု နည်းပညာ စမ်းသပ်ရေးဂြိုဟ်တု တစ်လုံးအား ဒီဇင်ဘာ ၂၅ရက်တွင် လွှတ်တင်စဉ် (ဆင်ဟွာ)

ရှီချန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမှတ် ၃ တယ်လီကွန်းဆက်သွယ်မှု နည်းပညာ စမ်းသပ်ရေးဂြိုဟ်တု တစ်လုံးအား ဒီဇင်ဘာ ၂၅ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တု အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ဝး၅၃နာရီတွင် လွှတ်တင်ခဲ့ကြောင်းသိရသည်။

ယင်းဂြိုဟ်တုအား တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း မှ ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု လွှတ်တင်မှု သည် Long March ဒုံးပျံ၏ ၂၉၆ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.