Connect with us

Science & Technology

တတိယမြောက် C919 ဂျက်လေယာဉ် စမ်းသပ်ပျံသန်း


ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တတိယမြောက် ခရီးသည်တင်ဂျက်လေယာဉ် C919 ရှေ့ပြေးပုံစံသည် ရှန်ဟိုင်းမြို့ရှိ ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ဆင်းသက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ပျံသန်းမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်ထုတ်လုပ်သော အဆိုပါ ဂျက်လေယာဉ်မှာ နံနက် ၁၁း၀၀ နာရီတွင် စတင်ထွက်ခွာလာခဲ့ရာ ၁ နာရီနှင့် ၃၈ မိနစ်ကြာ ပျံသန်းခဲ့ခြင်း ဖြစ်သည်။

တတိယမြောက် C919 ဂျက်လေယာဉ် စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တတိယမြောက် C919 ဂျက်လေယာဉ် စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တတိယမြောက် C919 ဂျက်လေယာဉ် စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပထမဆုံးနှင့် ဒုတိယမြောက် C919 လေယာဉ်များမှာ ၂၀၁၇ ခုနှစ် မေလနှင့် ဒီဇင်ဘာလများ၌ အသီးသီး စမ်းသပ်ပျံသန်းခဲ့သည်။ ယခုအခါ အဆိုပါ လေယာဉ်များမှာ တရုတ်နိုင်ငံရှိ လေဆိပ်များတွင် စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

နောက်ထပ် C919 လေယာဉ် သုံးစင်းအား ထုတ်လုပ်နေကြောင်းနှင့် လာမည့်နှစ်အတွင်း စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားသည်။

C919 ဂျက်လေယာဉ်သည် ၄၀၇၅ ကီလိုမီတာ ပျံသန်းနိုင်ပြီး နောက်ဆုံးပေါ် Airbus 320 နှင့် ဘိုးရင်းမျိုးဆက်သစ် 737 တို့နှင့် နှိုင်းယှဉ်နိုင်ကြောင်း သိရသည်။ (Xinhua)