Connect with us

Science & Technology

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ နှင့် နျူကလီးယား စွမ်းအင် ပူးပေါင်း လုပ်ဆောင်မှု ဆိုင်ရာ သဘောတူညီချက်အား လက်မှတ် ရေးထိုး

တရုတ်နိုင်ငံ အတွင်းရှိ ဟွာလုံ-ဝမ်း အသုံးပြု နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်နေခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ရှိ နျူကလီးယား စွမ်းအင် ဆိုင်ရာ စီမံကိန်း ၌ ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီချက်အား ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း China General Nuclear Power Group (CGN) က ဒီဇင်ဘာလ ၂၄ ရက်တွင် ကြေညာခဲ့သည်။

သဘော တူညီချက်အရ CGN၊ Guangxi Investment Group Co.Ltd., နှင့် ထိုင်းနိုင်ငံပိုင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး အာဏာပိုင် လက်အောက်ရှိ Ratchaburi Electricity Generating Holding Public Company Limited (RATCH) တို့သည် ဖန်ရှန်းတောင် မြို့ ရှိ နျူကလီးယား စွမ်းအင် စက်ရုံ၏ ဒုတိယ အဆင့်၌ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဖက်စပ် ဆောင်ရွက်ရန် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် CGN နှင့် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း (CNNC) တို့ မှ ပူးပေါင်း ပုံစံရေးဆွဲထားသည့် တရုတ်နိုင်ငံ၏ တတိယ မျိုးဆက် နျူကလီးယား ဓါတ်ပေါင်းဖို ပုံစံ တစ်ခုဖြစ်သော ဟွာလုံ-ဝမ်း နျူကလီးယား စွမ်းအင် နည်းပညာ၏ ရှေ့ပြေး လုပ်ငန်းစဉ် တစ်ခု ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် တရုတ် နိုင်ငံ၏ နျူကလီးယား စွမ်းအင်ဆိုင်ရာ နည်းပညာ အား အာရှ ဈေးကွက်သို့ ဖြန့်ကျက်နိုင်ရန် အတွက် ပေါင်းကူး တံတားအနေဖြင့် ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)