Connect with us

Science & Technology

တရုတ်နိုင်ငံ က ၂၂ ကြိမ်မြောက် ဘေတောင် လမ်းကြောင်းပြ ဂြိုလ်တု လွှတ်တင်

တရုတ်နိုင်ငံ၏ ၂၂ ကြိမ်မြောက် ဘေတောင် လမ်းကြောင်းပြ ဂြိုလ်တု လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီချန်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ ကမ္ဘာ့ လမ်းကြောင်းနှင့် တည်နေရာပြ ကွန်ရက်အား ထောက်ပံ့ ပေးနိုင်ရန် ဂြိုလ်တု တစ်လုံး အား မတ်လ ၃၀ ရက် နံနက် ၄ နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တု အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်း ဂြိုလ်တု လွှတ်တင်ရေး စင်တာ မှ Long March-3A ဂြိုလ်တု သယ်ဆောင်ရေး ဒုံးပျံဖြင့် ပတ်လမ်းအတွင်းသို့ တင်လွှတ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် GPS စနစ်ကို ယှဉ်ပြိုင်နိုင်ရန် ပြုလုပ်ထားသည့် ဘေတောင် လမ်းကြောင်းပြ ဂြိုလ်တု စနစ် (BDS) ၏ ၂၂ ကြိမ်မြောက် ဂြိုလ်တု ဖြစ်ကြောင်း သိရသည်။

ယခု လွှတ်တင်ခြင်းသည် Long March ဂြိုလ်တု သယ်ဆောင်ရေး ဒုံးပျံ၏ ၂၂၅ ကြိမ်မြောက် လွှတ်တင်ခြင်း လည်း ဖြစ်ကြောင်း သိရသည်။

ယင်းဂြိုလ်တုသည် ၎င်း၏ သတ်မှတ် ပတ်လမ်းအတွင်း ဝင်ရောက်၍ စမ်းသပ် လည်ပတ်မှု ပြီးဆုံးပါက ပတ်လမ်းအတွင်း ရှိ အခြား ရှိပြီးသား ဂြိုလ်တုများနှင့် ချိတ်ဆက်ကာ စနစ် တည်ငြိမ်မှု ကို ပိုမို တိုးတက်စေပြီး BDS စနစ်အား တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်အောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.