Connect with us

Science & Technology

တရုတ်နိုင်ငံ ၏ နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “သက်တန့်” အာကာသ အနီးရှိ လေထုအလွှာ အတွင်းသို့ ရောက်အောင် ပျံသန်းနိုင်ခဲ့

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ ပထမဆုံး အာကာသအနီးသို့ သွားရောက်နိုင်သည် နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် (UAV) ချိုင်ဟုန် (CU) ခေါ် “သက်တန့်” အမည်ရှိ လေယာဉ် သည် မြေပြင်မှ အမြင့် ၂၀ကီလိုမီတာ တွင် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ လေကြောင်း သိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်းလက်အောက်ရှိ စီမံကိန်းအဖွဲ့က မောင်းသူမဲ့လေယာဉ် CH UAV အား အာကာသအနီးရှိ လေထုထဲတွင် ၁၅နာရီကြာ ထိန်းချုပ်မောင်းနှင်နိုင်ခဲ့ပြီး မြေပြင်ပေါ်သို့ ဘေးကင်းလုံခြုံစွာ မဆင်းသက်ခင် သက်မှတ်ထားသော လမ်းကြောင်းများအတွင်း အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အာကာသအနီးရှိ လေထု အလွှာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀ ကီလိုမီတာ မှ ၁၀၀ကီလိုမီတာ အမြင့်တွင်တည်ရှိပြီး လေထုအလွှာ ပါးလွှာသောကြောင့် သာမန် လောင်စာဆီသုံး လေယာဉ်အင်ဂျင်များ၏ စွမ်းဆောင်ရည်ကို လျော့ကျစေကြောင်း သိရသည်။

တရုတ်နိုင်ငံ ၏ နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “သက်တန့်” အားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “သက်တန့်” အားတွေ့ရစဉ် (ဆင်ဟွာ)

သို့သော် မောင်းသူမဲ့လေယာဉ် CH UAV အနေဖြင့် ယင်းအလွှာအတွင်း ၌ ကောင်းမွန်စွာ ပျံသန်းနိုင်ပြီး နောင်အနာဂတ်တွင် ယင်းလေယာဉ်သည် ကောင်းကင်၌ လပေါင်းများစွာ (သို့) ထို့ထက် ပိုမိုကြာရှည်စွာ ဆက်တိုက်ပျံသန်း နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

CH UAV တွင် ဆိုလာပြားများ တပ်ဆင်ထားသော ၄၅မီတာရှည်လျားသည့် လေယာဉ်တောင်ပံများ ပါရှိပြီး ကာလရှည် ပျံသန်းမှုများအတွက် လောင်စာဆီဖြည့်တင်းရန် မလိုအပ်သောကြောင့် ကုန်ကျစရိတ်များစွာ သက်သာစေကြောင်း ယင်းစီမံကိန်း၏ အင်ဂျင်နီယာချုပ် Shi Wen ကပြောကြားခဲ့သည်။

ထို့အပြင် နေရောင်ခြည်စွမ်းအင်သုံးဖြစ်၍ လေထုညစ်ညမ်းမှု မဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင် အတွက် သင့်လျော်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မောင်းသူမဲ့လေယာဉ် CH UAV အောင်မြင်စွာ ပျံသန်းနိုင်မှုကြောင့် အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့ ပြီးလျှင် တရုတ်နိုင်ငံသည် အာကာသအနီးသို့ သွားရောက်နိုင်သော နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် နည်းပညာ ကို ကောင်းစွာ အသုံးပြုနိုင်သည့် တတိယမြောက်နိုင်ငံဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.