Connect with us

Science & Technology

ရထားလမ်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တရုတ်နိုင်ငံ အရှိန်မြှင့် လုပ်ဆောင်

တရုတ်နိုင်ငံမှ ရထားလမ်းတစ်ခု တည်ဆောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်ကို ပြည့်မှီရန် လိုအပ်နေသေးသည့်အတွက် မြန်နှုန်းမြင့် ရထားတည်ဆောက်မှု အား အရှိန်မြှင့် လုပ်ကိုင်ရန် ရှိပါသည်။

ဟေလောင်ဂျန် ဒေသတွင် တရုတ်နိုင်ငံ၏ မြန်နှုန်းမြှင့် ရထားလမ်းအား တနင်္လာနေ့၌ လုပ်ငန်း စတင် လုပ်ကိုင်ခဲ့သည်။ အဆိုပါလမ်းသည် ဒေသဆိုင်ရာ မြို့တော် ဖြစ်သော ဟာဘင်မြို့မှ ချီချီဟာမြို့သို့ သွားရန် လမ်းခရီး ကြာချိန် သုံးနာရီအစား ၈၅ မိနစ်ဖြင့် ရောက်ရှိနိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက်တွင် ပြည်တွင်း ရထားလမ်း တည်ဆောက်ရေး အတွက် ယွမ် ၂၆၅.၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားပြီး မနှစ်ကထက် ၁၂.၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ရထားလမ်းပိုင်းသစ် ၂,၂၂၆ ကီလိုမီတာလည်း လုပ်ငန်း လည်ပတ်နေပြီ ဖြစ်သည်။

ယခုနှစ် စပိုင်းတွင် တရုတ်နိုင်ငံသည် ရထားလမ်း တည်ဆောက်ခြင်း အတွက် ယွမ် ၈၀၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ရန် ရည်မှန်းထားပြီး လမ်းပိုင်းသစ် ၈,၀၀၀ ကီလိုမီတာ ချဲ့ထွင်ရန် ရှိသည်။

“ အစိုးရ အနေနဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေနဲ့ ရထားလမ်း ဖွံ့ဖြိုးမှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်၊ တည်ဆောက်ရေး လုပ်ငန်းတွေကတော့ သည်နှစ်ဝက်နှောင်းပိုင်းမှာ တိုးမြင့်လာပါ လိမ့်မယ်” ဟု တရုတ်နိုင်ငံ အင်ဂျင်နီယာ တက္ကသိုလ်မှ ရထားလမ်း ကျွမ်းကျင်သူ ဝန်မန်ရှု ကပြောပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117