Connect with us

Science & Technology

လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ တရုတ်အာကာသယာဉ် Chang’e-4 ပထမဆုံး ဆင်းသက်နိုင်ခဲ့

Chang’e-4 လေ့လာရေးအာကာသယာဉ်တွင်ပါဝင်သည့် မြေပြင်ဆင်းသက်မှု ယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Chang’e-4 လေ့လာရေးအာကာသယာဉ်သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဇန်နဝါရီ ၃ရက်တွင် ဆင်းသက်နိုင်ခဲ့ပြီး ကမ္ဘာဂြိုလ်မှ မည်သည့်အခါမှ မမြင်တွေ့နိုင်သည့် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဆင်းသက်နိုင်သည့် ပထမဆုံးအာကာသယာဉ်ဖြစ်လာကြောင်း သိရသည်။

Chang’e-4 လေ့လာရေးအာကာသယာဉ်တွင်ပါဝင်သည့် မောင်းသူမဲ့ယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

မြေပြင်ဆင်းသက်မှု ယာဉ်တစ်စီး နှင့် မောင်းသူမဲ့ယာဉ်တစ်စီး ပါဝင်ပေါင်းစပ်ထားသော အဆိုပါ အာကာသယာဉ်သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ ကြိုတင်ရွေးချယ်ထားသော ဧရိယာ၌ ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီတွင် ဆင်းသက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ ဦးစီးဌာန က ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.