Connect with us

Social, Education & Health

ကျောင်းအုပ်ဆရာတစ်ဦးအား စံပြပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုချီးမြှင့်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ မြောင်မျိုးနွယ်စုဝင် မိန်းကလေးများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာနက အထက်တန်းကျောင်းအုပ်ဆရာကြီး ချိန်လိချွင်အား “ခေတ်ကာလ၏ စံပြပုဂ္ဂိုလ်” အဖြစ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သူ ချိန်သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ အထက်တန်းကျောင်းအုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက် ပုဂ္ဂလိကစာသင်ကျောင်းမှ မြင့်မားသောလစာဖြင့် ကမ်းလှမ်းမှုအား ငြင်းပယ်ကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ဆင်းရဲနွမ်းပါးမှုဒဏ်ဆိုးဝါးစွာခံစားနေရသော နယ်မြေရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ရန် သွားရောက်ခဲ့သည်။

သုံးနှစ်ကျော်ကြာပြီးနောက် ချိန်သည် အရည်အသွေးမြင့်မားသော ဆရာများအုပ်စုအား ပျိုးထောင်ပေးခြင်းဖြင့် အဆိုပါစာသင်ကျောင်း၏ပညာရေး အရည်အသွေး တိုးတက်မှုလုပ်ဆောင်ပေးခဲ့သည်။

ယင်းနေရာ၌ရှိနေစဉ် ချိန်သည် ကျောင်းသားများ၏ မိသားစုများထံ သွားရောက်လည်ပတ်ခဲ့ပြီး ငွေကြေးအကူအညီများဖြင့် မြောင်မျိုးနွယ်စု၏ ဆင်းရဲသော မိသားစု ၁၀၀ ကျော်အား ထောက်ပံ့ပေးခဲ့သည်။ ၎င်း၏ ဆောင်ရွက်ချက်များက နိုင်ငံရှိ ဖွံ့ဖြိုးမှုနည်းပါးသော နယ်မြေများရှိ ပညာရေး တိုးတက်မှုအကြောင်းရင်းနှင့် ချိတ်ဆက်ရန် အခြားသူများစွာအပေါ် စိတ်အားလှုံ့ဆော်မှုဖြစ်စေခဲ့သည်။

ချိန်၏ နှစ်မြှုပ်မှုက ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်မှုတွင် ထူးချွန်သောကျောင်းအုပ်ဆရာအတွက် ဆု ချီးမြှင့်ခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ပညာရေးကဏ္ဍ၌ ထိပ်တန်း ၁၀ ဦးစာရင်းဝင် တစ်ဦး ဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.