Connect with us

Social, Education & Health

တရုတ်နိုင်ငံက နိုင်ငံတကာပညာရေး ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းနှင့် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပီကင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာရှုထောင့်အမြင်ရှိသော အဆင့်မြင့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ပညာရေးကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ထပ်မံ၍ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ဇွန်၁၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အဆင့်မြင့်ပညာရေး၊ အခြေခံပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးတို့အား  လွှမ်းခြုံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် လမ်းညွှန်ချက်အရ သိရသည်။ 

ပြည်တွင်းတက္ကသိုလ်များအနေဖြင့် ကမ္ဘာ့မိတ်ဖက်များနှင့် ပူးတွဲဒီဂရီအစီအစဉ်များ ဖော်ဆောင်ရန် တိုက်တွန်းအားပေးထားကြောင်း လမ်းညွှန်ချက်၌ ဖော်ပြထားသည်။ နှစ်နိုင်ငံ အသိအမှတ်ပြုတက္ကသိုလ် ပညာရေးဆိုင်ရာမှတ်တမ်းများ၊ နိုင်ငံခြားတက္ကသိုလ်များနှင့် ပူးပေါင်း၍ ဒီပလိုမာများပေးခြင်းကိုလည်း အားပေးလျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် တရုတ်နိုင်ငံသည် ကောလိပ်များနှင့် တက္ကသိုလ်များ၌ ကမ္ဘာအနှံ့မှ ကျွမ်းကျင်ပညာရှင်များ၊ ပရော်ဖက်ဆာများ နှင့် ကျောင်းသားများကို တရုတ်နိုင်ငံ၌ လာရောက်လုပ်ကိုင်ရန် သို့မဟုတ် ပညာသင်ယူရန်အတွက် လွယ်ကူချောမွေ့စေရန် သုံးသပ်ချက်နှင့် ခွင့်ပြုချက် လုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲသွားမည်ဟု လမ်းညွှန်ချက်၌ ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် သင်ရိုးများ တိုးတက်စေရန်နှင့် တရုတ်ဘာသာစကား သင်ကြားရေး အစီအစဉ်များကို တိုးတက်စေကာ အခြားနိုင်ငံများ၌ အရည်အသွေးရှိသော သင်ကြားရေးအရင်းအမြစ် ထောက်ပံ့ပေးရန် ပိုမိုအားထုတ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ်တွင် ထုတ်ပြန်ထားသည့် ပညာရေးပန်းတိုင်များ အကောင်အထည်ပေါ်လာရေးကို အထောက်အပံ့ဖြစ်စေရန် ၎င်း၏အရင်းအမြစ်များအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းညွှန်ချက်အရ သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117