Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ဦးနှောက်ရောင်ဗိုင်းရပ်စ်ကာကွယ်ဆေးသစ်က ကာကွယ်မှုနှစ်မျိုးပေးနိုင်ကြောင်း ပြသ

ခြင်တစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီလက်အောက်ရှိ ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံမှ သုတေသီများက ဖော်ထုတ်လိုက်သော ဦးနှောက်ရောင်ကာကွယ်ဆေးအသစ်နှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ ဆေးတစ်ကြိမ်ထိုးနှံရုံဖြင့် ခြင်ကြောင့်ဖြစ်ပွားသည့် အသက်သေဆုံးနိုင်စေသော ရောဂါနှစ်မျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးအဆိုပြုချက်သည် Japanese encephalitis virus (JEV) နှင့် West Nile virus (WNV) ကို ရည်မှန်းထားနိုင်ကြောင်း၊ ကြွက်များတွင် စမ်းသပ်ရာ၌ အားရဖွယ်ကိုယ်ခံအားစနစ်တုံ့ပြန်မှုများဖြစ်ပေါ်စေခဲ့ပြီး ဘေးကင်းမှုနှင့် ထိရောက်မှု အဆင့်မြင့်မားသည်ကို ပြသနေကြောင်း သုတေသီများက ဆိုသည်။ 

ယင်းလေ့လာမှုအား Nature Research အဖွဲ့၏ အွန်လိုင်းဂျာနယ်ဖြစ်သည့် npj Vaccines တွင် ယခုလအစောပိုင်းက ဖော်ပြခဲ့သည်။ JEV သည် အာရှ-ပစိဖိတ်ဒေသတွင် ဦးနှောက်ရောင်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်စဉ် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၆၈,၀၀၀ ဦးနီးပါးရှိကာ သေဆုံးနှုန်းမှာ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အကယ်၍ ရောဂါကူးစက်ခံရသော်လည်း အသက်ရှင်ကျန်ခဲ့သူများမှာလည်း အသိဉာဏ်ရှိမှုနှင့် အပြုအမူဆိုင်ရာထိခိုက်မှု စသည့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အစီစဉ်မကျမှုများကို မကြာခဏ ခံစားရနိုင်ကြောင်း သိရသည်။ 

JEV နှင့်ပတ်သက်၍ ထိရောက်သော ရောဂါတိုက်ဖျက်ရေးကုထုံးများ မရှိသေးကြောင်းနှင့် ကာကွယ်ဆေးများမှာလည်း JEV ကူးစက်မှုကို ကာကွယ်ရန်သာ ထိရောက်မှုရှိသေးကြောင်း၊ လက်ရှိ JEV ကာကွယ်ဆေးများမှာ လုံလုံလောက်လောက် ကာကွယ်မှုရှိစေရန် အကြိမ်ကြိမ်ထိုးနှံရန် လိုအပ်ကြောင်း လေ့လာမှုအရ သိရသည်။ 

WNV သည် အဓိကအားဖြင့် ခြင်ကိုက်ရာမှတစ်ဆင့် လူများကို ကူးစက်သည့်ရောဂါဖြစ်သည်။ သုတေသီများ၏ အဆိုအရ ၎င်းရောဂါသည် အသက်ကြီးသူများနှင့် တစ်ကိုယ်ရေအားနည်းသူများ၌ ရောဂါအခြေအနေဆိုးဝါးနိုင်ကြောင်း၊ ၁၉၉၉ ခုနှစ်က နယူးယောက်တွင် အရေးပေါ် အခြေအနေဖြစ်ပွားစဉ်က အာဖရိက၊ ဥရောပနှင့် အနောက်အာရှ ဒေသများစွာ၌ ယင်းဗိုင်းရပ်စ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117