Connect with us

Social, Education & Health

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး H7N9 ကူးစက်ခံရသူ တစ်ဦးရှိကြောင်း ရှန်ဟိုင်း သတင်းထုတ်ပြန်

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆေးကုသရန်ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပြည်သူ့ ကျန်းမာရေး အာဏာပိုင်များက ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး H7N9 ကူးစက်ခံရသူ တစ်ဦးရှိကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က အတည်ပြု ပြောကြားလိုက်သည်။

ကူးစက်ခံရသူမှာ အသက် ၅၉ နှစ်အရွယ် ရှန်ဟိုင်းဒေသခံ အမျိုးသား တစ်ဦးဖြစ်ပြီး ဆေးရုံတွင် ကုသမှုခံယူ နေကြောင်း ရှန်ဟိုင်း မြို့တော်ဆိုင်ရာ ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင်က ပြောသည်။

H7N9 ဗိုင်းရပ်စ်ပိုးသည် လူတွင် ကူးစက်မှုရှိကြောင်း တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ် မတ်လတုန်းက သတင်းထုတ် ပြန်ခဲ့ပြီး ထိုဗိုင်းရပ်စ်ပိုးသည် ဆောင်းရာသီ နှင့် နွေဦးရာသီတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဆောင်းရာသီက တရုတ်နိုင်ငံ ပြည်နယ် အတော်များများနှင့် ကွမ်တုံး၊ ရှန်ဟိုင်း၊ ဖူကျန့်၊ ကျန်းရှီး၊ ကွေ့ကျိုးနှင့် ကျဲ့ကျန်း မြို့များတွင် H7N9 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ ရှိခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

ရောဂါကူးစက်မှု အန ္တရာယ် လျှော့ချနိုင်ရန် ပြည်သူလူထု အနေဖြင့် ကြက်၊ ဘဲအရှင်များအား ရှောင်ရှားသင့် ကြောင်း ကျန်းမာရေးဆိုင်ရာ အထူးကျွမ်းကျင်သူများက အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.