Connect with us

ASEAN

အိုမန်နှင့် UAE မှ ခရီးသွားလာမှုအား ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်များကြောင့် ဖိလစ်ပိုင်တားမြစ်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ရှိ နနွိုင်း အာကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Social distancing ပုံစံဖြင့် ဆောင်ရွက်ထားသည့် ခရီးသည်ထိုင်ခုံများအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မေ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိလာသောကြောင့် ဖိလစ်ပိုင်နိုင်ငံသည် အိုမန်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့မှ အပြည်ပြည်ဆိုင်ရာဆိုက်ရောက်မှုများအား မေ ၁၅ ရက်မှ စ၍ တားမြစ်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က မေ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

“အိုမန်နိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့မှ လာရောက်သူအားလုံး သို့မဟုတ် ဖိလစ်ပိုင်နိုင်ငံသို့ မ‌ရောက်မီ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီနှစ်နိုင်ငံကို ခရီးသွားရာဇဝင် ရှိသူများအား ၂၀၂၁ ခုနှစ် မေ ၁၅ ရက် ၀၀း၀၁ နာရီ မှ စ၍ ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခြင်းအား တားမြစ်ကြောင်း’’ Roque က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

သို့သော် ၎င်းနှစ်နိုင်ငံအား ဖြတ်သန်းပြီးခဲ့သူ ခရီးသွားများနှင့် ဖိလစ်ပိုင်နိုင်ငံသို့ မ‌ရောက်မီ ပြီးခဲ့သည့် ၁၄ ရက်အတွင်း အဆိုပါနှစ်နိုင်ငံသို့ ခရီးသွားရာဇဝင် ရှိသော်လည်း ၂၀၂၁ ခုနှစ် မေ ၁၅ ရက် မတိုင်မီ ရောက်ရှိလာသူများအားလုံးကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း Roque က ဆိုသည်။

အဆိုပါ ခရီးသွားများသည် ပိုမိုတင်းကျပ်သည့် quarantine နှင့် စမ်းသပ်စစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဤအတောအတွင်း ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံများမှ ခရီးသွား လာရောက်မှုကို မေ ၃၁ ရက်အထိ နှစ်ပတ်ထပ်မံ တားမြစ်ထားကြောင်း Roque ကပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့သည့်လတွင် အိုမန်နိုင်ငံနှင့် ယူအေအီးနိုင်ငံမှ ရောက်ရှိခဲ့သည့် သင်္ဘောသား နှစ်ဦးတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သည့် B.1.617 ဗီဇပြောင်းဗိုင်းရပ်စ်ပိုးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ စိုးရိမ်ဖွယ်ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် လေးမျိုးရှိကြောင်းသိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မြင့်မားသောကူးစက်ပျံ့နှံ့မှုဆိုင်ရာ အကြံပြုမှု အချက်အလက်အချို့ကို ကိုးကားလျက် B.1.617 အား ကမ္ဘာ့အဆင့် စိုးရိမ်ဖွယ်ရာ ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခုအထိ သေဆုံးသူ ၁၈,၈၂၁ ဦးအပါအဝင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁,၁၂၄,၇၂၄ ဦးရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Philippines bans travel from Oman, UAE over COVID-19 variants
MANILA, May 14 (Xinhua) — The Philippines will ban international arrivals from Oman and the United Arab Emirates (UAE) starting Saturday amid concerns over the new coronavirus variant first detected in India, presidential spokesperson Harry Roque said on Friday.
“All travelers coming from Oman and the United Arab Emirates (UAE) or those with travel history to these two countries within the last 14 days preceding arrival shall be prohibited from entering the Philippines beginning 00:01 of May 15, 2021, until 23:59 of May 31, 2021,” Roque said in a statement.
But passengers already in transit from these two countries and all those who have been to these countries “within 14 days immediately preceding arrival to the Philippines” who arrive before May 15, 2021, will be allowed entry, Roque said.
He added that these travelers “shall be required to undergo stricter quarantine and testing protocols.”
Meanwhile, Roque said the Philippines has decided to retain the travel ban on India, Pakistan, Nepal, Bangladesh and Sri Lanka for another two weeks until May 31.
The Philippines has detected the B.1.617 variants first found in India in two seafarers that arrived from Oman and the UAE last month.
There are four coronavirus variants of concern in the Philippines. The WHO classified the B.1.617 as “a variant of concern at a global level,” citing “some available information to suggest increased transmissibility.”
The Philippines now has 1,124,724 confirmed COVID-19 cases, including 18,821 deaths. Enditem
Photo- Social distancing signs are placed on seats at the Manila Ninoy Aquino International Airport in the Philippines, May 11, 2020.(Xinhua/Rouelle Umali)