Connect with us

ASEAN

လာအိုနိုင်ငံ၌ ပထမဆုံး COVID-19 လူနာနှစ်ဦး စတင်တွေ့ရှိ

လာအိုနိုင်ငံ လွန်ပရာဘွန်မြို့ရှိ ဈေးမြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

 

ဗီယင်ကျန်း ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ၌ ပထမဆုံး COVID-19 အတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ကြောင်း လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများက ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးPhouthone Moungpak က အတည်ပြုလူနာနှစ်ဦးတွေ့ရှိကြောင်း နှင့် ယင်းတို့နှစ်ဦးစလုံးမှာ လာအိုနိုင်ငံသားများဖြစ်ကြပြီး ပြင်ပမှ ကူးစက်လာခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ဆိုသည်။ရောဂါကူးစက်ခံရသော အမျိုးသမီးတစ်ဦးမှာ ခရီးသွားဧည့်လမ်းညွှန်တစ်ဦးဖြစ်ပြီး COVID-19 လက္ခဏာမပြမီ လာအိုနိုင်ငံ နိုင်ငံမြောက်ပိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့  သို့သွားရောက်ခဲ့ကြောင်း  သိရသည်။

အခြားကူးစက်ခံရသော အမျိုးသားတစ်ဦးမှာ ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၌ လေ့ကျင့်ရေးသင်တန်းတစ်ခုသွားရောက်ခဲ့ပြီးနောက် ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦးစလုံးအား ဗီယင်ကျန်းမြို့ရှိ သတ်မှတ်ကုသရေးဆေးရုံဖြစ်သည့် Mittaphab ကုတင် ၁၅၀ ဆေးရုံ၌ တင်ထားကြောင်း သိရသည်။၎င်းတို့ နှစ်ဦးစလုံးမှာ ရောဂါပြင်းထန်ခြင်းမရှိကြောင်း၊ ကုသမှုကောင်းစွာခံယူနေကြောင်း  နှင့် ၎င်းတို့နှင့် အနီးကပ် ထိတွေ့ပြောဆိုဆက်ဆံခဲ့သူများကိုလည်း သီးခြားစောင့်ကြပ်ကြည့်ရှုမှုပြုလုပ်ထားကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။လာအိုနိုင်နိုင်ငံ၌ COVID-19 သံသယလူနာ ၁၃၁ ဦးရှိကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117