Connect with us

CHINA

တရုတ် နိုင်ငံ အစိုးရ က စင်ကာပူနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း

စင်ကာပူ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်ရှောက်ယုံ(ညာ) မှ စင်ကာပူ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး နှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး လန်းပင်မင်း အား လှူဒါန်းမှု ပစ္စည်းများ ပေးအပ်စဉ်(ဆင်ဟွာ)

စင်ကာပူ ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ က စင်ကာပူ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကူညီပေးရန် အတွက် မေလ ၅ ရက် က စင်ကာပူနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန သို့ ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့ပြီး စင်ကာပူ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်ရှောက်ယုံ နှင့် စင်ကာပူ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး နှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး လန်းပင်မင်း တို့က လှူဒါန်းပွဲ အခမ်းအနား သို့ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်ရှောက်ယုံ က တရုတ် နိုင်ငံ ၌ ကပ်ရောဂါ စတင် ဖြစ်ပွားချိန်တွင် စင်ကာပူ နိုင်ငံ အစိုးရ ၊ ကြက်ခြေနီအသင်း နှင့် နယ်ပယ်အသီးသီး မှ လူပုဂ္ဂိုလ် တို့ က တရုတ် နိုင်ငံ အပေါ် တန်ဖိုးကြီးမားသည့် ထောက်ခံအားပေးမှု နှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ စင်ကာပူ နိုင်ငံ တွင် ကပ်ရောဂါ စတင်ဖြစ်ပွား ချိန်တွင် တရုတ် နိုင်ငံ အနေဖြင့် ထပ်တူ ခံစားခဲ့ရပြီး အတက်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ယခုအကြိမ် တရုတ် နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် ပစ္စည်းများ သည်စင်ကာပူ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ခံအားပေးမှု ဖြစ်ပြီး တရုတ် နိုင်ငံ မှ စင်ကာပူ နိုင်ငံ ကပ်ရောဂါ အမြန်ဆုံး တိုက်ဖျက်ရေး အတွက် ဆုမွန်ကောင်းတောင်းခြင်း လည်းဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် စင်ကာပူ နိုင်ငံ နှင့် အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားပြီး ကပ်ရောဂါ အား တိုက်ဖျက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

စင်ကာပူ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး နှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး လန်းပင်မင်း က စင်ကာပူ နိုင်ငံ အစိုးရ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ ၏ ကူညီထောက်ပံ့မှုအပေါ် ကျေးဇူးတင်လိုကြောင်း ၊ လက်ရှိချိန်တွင် စင်ကာပူ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ သည် ကျန်းမာရေး ၊ စီးပွားရေး ၊ လူအသွားအလာ နှင့် အရေးကြီး ကုန်ပစ္စည်းများ ပို့ဆောင်ရေး တို့တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကာ ကပ်ရောဂါ အား တိုက်ဖျက်နေကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်ရေး ခက်ခဲ့သည့် အချိန်တွင် နှစ်နိုင်ငံ ၏ အားကောင်းသော ပူးပေါင်းဆောင်ရွက်မှု က နှစ်နိုင်ငံ ချစ်ကြည်ရေး၏ ခိုင်မာမှုကို ဖော်ပြနိုင်ခဲ့ကြောင်း ၊ ယခုနှစ်သည် စင်ကာပူ-တရုတ် သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် (၃၀) ပြည့် ဖြစ်ပြီး စင်ကာပူ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။မေ ၅ ရက် နေ့လည် ၁၂ နာရီ အချိန်ထိ စင်ကာပူ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၉,၄၁၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ အများစု မှာ လူထူထပ်သည့် အဆောင် တွင် နေထိုင်သူ နှင့် ပြည်ပ မှ အလုပ်သမားများ ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)