Connect with us

CHINA

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ်ဆိပ်ကမ်းများအတွက် ပထမဆုံး nucleic acid စစ်ဆေးရေးဓာတ်ခွဲခန်း ဖွင့်လှစ်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Qinzhou ဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မေ ၈ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ်ဆိပ်ကမ်းလေးခုအတွက် ပထမဆုံး nucleic acid စစ်ဆေးရေးဓာတ်ခွဲခန်း ဖွင့်လှစ်လိုက်ကြောင်း ဒေသခံ အကောက်ခွန်ရုံးက မေ ၇ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ် နမူနာ ၂၀၀ ခုကို စစ်ဆေးနိုင်ပြီး ဖိန်းရှန် နယ်စပ်မြို့တွင် တည်ဆောက်ထားသော အဆိုပါ ဓာတ်ခွဲခန်းသည် မေ ၁ ရက်မှ ၅ ရက်အထိ စုစုပေါင်း အာခေါင်တို့ဖတ် နမူနာ ၂၉၃ ခုကို စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ဓာတ်ခွဲနမူနာများအားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်း ဖိန်းရှန် အကောက်ခွန်ရုံးထံမှ သိရသည်။

ဓာတ်ခွဲခန်းအနေဖြင့် နယ်စပ်မြို့များတွင် နမူနာများအချိန်မီစစ်ဆေးမှုကို လွယ်ကူချောမောစွာပြုလုပ်ပေးနိုင်ပြီး လိုအပ်ပါက နောက်ဆက်တွဲဆောင်ရွက်ချက်များ ပြုလုပ်နိုင်မည်ဟု ဓာတ်ခွဲခန်းအကြီးအကဲ လန်ရိဝန်က ပြောခဲ့သည်။ ယခင်ကဆိုလျှင် နမူနာများအားလုံးကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းသို့ ပေးပို့ စစ်ဆေးခဲ့ရကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117