Connect with us

CHINA

တရုတ်နိုင်ငံ၏ နိုင်ငံတကာတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ ရောက်ရှိနေသည့် ကာကွယ်ဆေးများက အနောက်နိုင်ငံမှ မီဒီယာများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ထား

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech လီမိတက်တွင် COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) နမူနာများကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံတကာတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ရောက်နေသည့် COVID-19 ကာကွယ်ဆေး လေးမျိုးသည် လက်တွေ့စတင် စမ်းသပ်မှုသတင်းများ ဖော်ပြခဲ့သည့် ပြည်ပမီဒီယာကြီးများကြောင့် အနောက်နိုင်ငံများမှ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ၊ သုတေသနပြုမှုများ၏ နောက်ဆုံးတိုးတက်မှုများနှင့်ပတ်သက်၍ Financial Times သတင်းစာနှင့် The New York Times သတင်းစာအသီးသီးက သတင်းဖော်ပြထားကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောကြားထားသည်။ 

China National Biotec Group က ဖော်ထုတ်ထားသော COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccines) နှစ်မျိုး၊ Sinovac Biotech ကုမ္ပဏီလီမိတက်က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) တစ်မျိုးနှင့် မျိုးဗီဇပြုပြင်ထားသော COVID-19 ကာကွယ်ဆေး (recombinant COVID-19 vaccine) တစ်မျိုးတို့ကို နိုင်ငံတကာတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ စတင်နေပြီဖြစ်သည်။ 

ပုံမှန်အားဖြင့် အဆင့် ၃ လက်တွေ့စမ်းသပ်မှုများတွင် လူထောင်ပေါင်းများစွာ ပါဝင်လေ့ရှိပြီး ဘေးကင်း၍ ထိရောက်သော ကာကွယ်ဆေးများဖြစ်ရန် စိစစ်အတည်ပြုသွားမည် ဖြစ်ကာ ယင်းတို့မှာ ဈေးကွက်ခွင့်ပြုချက်ရရှိရန် အရေးကြီးကြောင်း သိရသည်။ အဆိုပါ ကူးစက်ရောဂါမှာ တရုတ်နိုင်ငံတွင် ထိန်းချုပ်သွားနိုင်ပြီဖြစ်သဖြင့် လက်တွေ့စမ်းသပ်မှုများ နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် အခြေအနေမရှိသဖြင့် လက်တွေ့စမ်းသပ်မှု အဆင့် ၃ အားလုံးကို ပြည်ပနိုင်ငံများ၌ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အချို့သော လက်တွေ့စမ်းသပ်မှုများအတွက် စက်တင်ဘာလအစောပိုင်းတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုများ ပြီးစီးဖွယ်ရှိပြီး ကနဦးအချက်အလက်များမှာ အစောဆုံး နိုဝင်ဘာလတွင် ထွက်ရှိလာဖွယ်ရှိကြောင်း သိရသည်။  (Xinhua)