Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၆၃ ဦးထိရှိလာ

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ယနေ့ ဧပြီ ၁၄ ရက် ည ၇နာရီထိ၌ ဓာတ်ခွဲအတည်ပြုမှုတွင် လူတစ်ဦးတွင်သာ COVID-19 ရောဂါပိုးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ရောဂါပိုးရှိသူ ၆၃ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဧပြီ ၁၃ ရက် ညနေ ၆နာရီမှ ဧပြီ ၁၄ ရက် ညနေ ၆နာရီထိ စောင့်ကြည့်လူနာအသစ် ၁၂၃ဦးရှိပြီး ပထမအသုတ်အနေဖြင့် ၉၁ ဦးအား စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စစ်ဆေးမှုတွင် တစ်ဦးတွင်သာ ရောဂါပိုးတွေ့ရှိရပြီး ကျန် ၉၀ဦးတွင် ရောဂါပိုးမတွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယနေ့ COVID-19 ရောဂါပိုးတွေ့ရှိသူသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရောဂါပိုးရှိသူ Case-24 ဖြင့် ထိတွေ့ထားသူဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊ရန်ကုန်မြို့၊ ဝေဘာဂီအထူး ကုဆေးရုံကြီးတွင် လူနာ (၄၉) ဦး၊ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် (၁)ဦး စုစုပေါင်း (၅၇)ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ထို့ပြင် COVID-19 ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း (Quarantine) ဆက်လက် ဆောင်ရွက် ထားရှိသူ (၂)ဦးနှင့် သေဆုံးသူ (၄)ဦးတို့ ရှိကြောင်းသိရသည်။ (Xinhua)