Connect with us

MYANMAR

တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ဆင်စခန်းများအားလုံး ယနေ့ မှ စ၍ ယာယီပိတ်မည်

ဆင်စခန်းတစ်ခုတွင် ဆင်စီးနေကြသူများအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာသစ်လုပ်ငန်းမှဖွင့်လှစ်ထားရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်အခြေ ပြုခရီး သွားလုပ်ငန်းများ ၊ ဆင်စခန်းများအားလုံး ယနေ့ နံနက်ပိုင်းမှစတင်ကာ ခေတ္တရပ်နားပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) အဆုတ် ရောင်ကူးစက်ရောဂါပျံ့ပွားမှုမရှိစေရေးကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၁)ခုစလုံးခေတ္တရပ် နားပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဆင်စခန်းများအားလုံး ခရီးသွားဧည့် သည်ဝင်ရောက်မှု ခေတ္တပိတ်ထားမည်ဖြစ်သော်လည်း ဆင်စခန်းဝန်ထမ်းများ၊လုပ်ငန်းတာဝန်များဝတ္တရားများ ပုံမှန်မပြတ်ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)