Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19အတည်ပြုလူနာ ၁၇၈ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ ၆၈ ဦးရှိနှင့် ဆေးရုံမှ ဆင်းခွင့်ပြုသူ ၄၆ ဦးထိရှိလာ

ရန်ကုန်မြို့ရှိပြည်သူများ COVID-19 ကြိုတင်ကာကွယ်ရေး နှာခေါင်းစီးများအဖြစ်ဆင် သွားလာနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်  ယနေ့(မေ ၉ ရက်)အထိ COVID-19အတည်ပြုလူနာ ၁၇၈ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦးနှင့် ၎င်းတို့အနက် ဆေးရုံမှ ဆင်းခွင့်ပြုသူ (၄၆) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဆေးရုံမှဆင်းခွင့်ပြုသူ ၄၆ဦးအား သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ယနေ့ မေ ၉ ရက်  ညပိုင်းတွင် COVID-19 ရောဂါးပိုးရှိသူ တစ်ဦးထပ်မံတိုးလာသဖြင့် အတည်ပြုလူနာ ၁၇၈ဦးရှိလာကြောင်း၊ အဆိုပါ ရောဂါပိုးရှိသူသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ အသက် ၄၉ နှစ်အရွယ်  အမျိုးသမီးတစ်ဦးဖြစ်ပြီး အတည်ပြုလူနာ အမှတ် ၉၈ဖြင့် ထိတွေ့ထားသူ တစ်ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။

 COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်နှင့် ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၆၈) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၈၅) ခု၊ စုစုပေါင်း (၄၅၃)ခု အားယနေ

 စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)