Connect with us

MYANMAR

COVID-19 ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ဇူလိုင်လကုန်ထိ ရက်တိုးမြှင့်သတ်မှတ် 

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူများအား ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

COVID-19 ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ အနေဖြင့် COVID-19ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ဇူလိုင် ၁၅ ရက်အထိ ထုတ်ပြန်ထားသော အမိန့် ၊အ မိန့် ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက် ၊ ညွှန်ကြားချက် များ(ဖြေ လျှော့/တိုးမြှင့်ရန် လိုအပ်သော ကိစ္စရပ်များ မ ပါ) အား ဇူလိုင် ၃၁ ရက်အထိ ရက် တိုးမြှင့်သတ်မှတ် ဆောင်ရွက်သွားရန် COVID- 19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီမှ ယနေ့ ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ဒီနေ့လည်း COVID-19 ရောဂါက Positive တွေ့တဲ့သူတွေ ထွက်လာတယ်လေ။အဲဒီတော့ ဒါက စိုးရိမ်စရာ အခြေအနေ ရှိသေးတဲ့ အတွက်ကြောင့် ထပ်တိုးတာပေါ့။ အခုလိုရက်တိုးလိုက်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေ အတိုင်း နေထိုင်ဖို့ စတဲ့ အချက်တွေ အကျုံးဝင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ထို့အတူ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၈ ရက် ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇူလိုင်လ ၃၁ ရက် အထိ တိုးမြှင့်ထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ လာရောက်ကြမည့်ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ဇူလိုင်လ ၃၁ ရက် အထိ တိုးမြှင့်လိုက်ကြောင်း ဇွန် ၂၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာထားသည်။ (Xinhua)