Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦးထပ်တွေ့၊အတည်ပြုလူနာ (၃၆၉) ဦး ထိရှိလာ

COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းတပ်ဆင် သွားလာသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၁၃ ရက်) ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ (၃၆၉) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ပိုးတွေ့ရှိသူများသည် ယူအေအီးနိုင်ငံမှ ပြန်လာသူ ၆ဦးနှင့် ဂျပန်နိုင်ငံမှ ပြန်လာသူ ၂ ဦး စုစုပေါင်း ၈ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတွေ့ရှိသူများသည် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၂၆) ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၉၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၇၇) ခုနှင့်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုစုစုပေါင်း (၁,၃၅၅) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးခဲ့ရာ (၈) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၃)ဦး (Case – 309, 346 နှင့် 349) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၂၁) ဦးရှိလာကြေင်း၊ ၎င်းတို့အနက် (၃၁၂) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)