Connect with us

MYANMAR

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ ဓာတုဗေဒဌာနမှ COVID-19 ကာကွယ်ရန်  Hand Sanitizer ထုတ်လုပ် 

COVID-19 ရောဂါအားကာကွယ်ရန် လက်ဆေးဘေစင်တွင် လက်ဆေးကြောနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အင်ဂျင် နီယာ ဓာတုဗေဒဌာနမှ   COVID-19 ရောဂါ ကာကွယ်ရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း လက်သန့်ဆေးရည်များထုတ်လုပ်လျက် ရှိကြောင်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အင်ဂျင်နီယာ ဓာတုဗေဒဌာနမှ ကထိက ဒေါက်တာဆွေလှိုင်ထားက ယနေ့ ဧပြီ ၉ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ဒေါက်တာဆွေလှိုင်ထားက “တကယ့်ကို ပိုးသေတဲ့ လက်သန့်ဆေးရည်တွေကို ပြည်သူတွေ အသုံးပြုနိုင်အောင်ရည်ရွယ်ပြီး ထုတ်ဖြစ်တာပါ။ ကျွန်မတို့  အင်ဂျင်နီယာ ဓါတုဗေဒဌာနမှာ ထုတ်လုပ်တာက Hand Sanitizer ပါ။ Gel မဟုတ်ပါဘူး။  Gel က လက်စီးကပ်တဲ့အတွက်  microbes တွေ ကပ်နိုင်လို့  protect virus ကို အပြည့်အဝ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး’’ ဟုပြောသည်။  

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အင်ဂျင် နီယာ ဓာတုဗေဒဌာနမှ  ထုတ်လုပ်သည့်  လက်သန့်ဆေးရေများသည် Hospital Grade Hand Sanitizer တွင် Ethyl alcohol 70% v/v ၊ IPA ခေါ် isopropyl alcohol 10% v/v အဓိကပါဝင်ပြီး 3% purity ရှိ H2O2၊ 98% purity ရှိ Glycerol များအား WHO- ထုတ်ပြန်သည့် နည်းစနစ် အတိုင်းအချိုးကျနစွာတွက်ချက်ပြီး ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၊ ဈေးကွက်မှ ဝယ်ယူရရှိသော Vitamin E ၊ TEA tree၊ TEA နှင့်အတူ အရောင်၊ ရနံ့ အနည်းငယ်သာ ပေါင်းစပ်ပါဝင်ကြောင်း သိရသည်။  

“Coronavirus သည် Flu virus မဟုတ်ပါဘူး။  ဒါကြောင့် လက်သန့်ဆေးရည်ထွက်တဲ့ အချိန်မှာ Alcohol ရာခိုင်နှုန်း ကို ၈၀ ရာခိုင်နှုန်း ပါဝင်အောင် တွက်ချက်ပြီး ဖော်စပ်ထားခြင်းဖြစ်ပါတယ်’’ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ထုတ်လုပ်သည့် ယင်းလက်သန့်ဆေးရည်များသည် နေအိမ်၊ စက်ရုံ၊ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ ရုံးအပါအဝင် နေရာတိုင်းအသုံးပြုနိုင်ရန်စီမံဆောင်ရွက်ထားကြောင်း၊ ထုတ်လုပ်ပြီးနောက် သုံးရက်အထိ အေးသောနေရာတွင်ထားကာ အယ်လ်ကိုဟောရာခိုင်နှုန်းနှင့် ပိုးမွှားများနှင့် ဗက်တီးရီးယားများ ပါဝင် ခြင်း မရှိအောင် လုပ်ဆောင်ထားကြောင်း၊ မှာယူလိုသူများအနေဖြင့် ဒေါက်တာဆွေလှိုင်ထား ဖုန်း ၀၉-၅၀၆၀၀၅၀ သို့ ဆက်သွယ်မှာယူ နိုင်ကြောင်း သိရသည်။ 

လိုအပ်သော alcohol နှင့်အတူ ပါဝင်သောchemicals များအား WHO ကချမှတ်ထားသော အချိုးအစား အတိုင်း တွက်ချက်ထားကြောင်း နှင့် ဝယ်ယူအသုံးပြုရာတွင် Chemicals များ ပမာဏ ပိုမိုများပြားခြင်း မရှိစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။  (Xinhua)