Connect with us

MYANMAR

ယနေ့ညတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၀) ဦး ထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့်ဈေးရောင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်  ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၀) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၈)ဦး ရှိပြီဖြစ်ကြောင်း စက်တင်ဘာ ၆ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ ညအထိCOVID-19 အတည်ပြုလူနာစုစုပေါင်း ၁,၄၁၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက်  ပိုးမတွေ့ရှိသူ (၁၄)ဦး (Case – 206, 238, 239, 383, 446,447, 459, 470, 584, 596, 597, 598, 600 နှင့် 602) ရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၃၈၅) ဦးရှိပြီဖြစ်ကြောင်း သိရသည်။  ၎င်းတို့အနက် (၃၆၆) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။  (Xinhua)