Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦး ထပ်တိုး ၊ တစ်ရက်အတွင်း အတည်ပြုလူနာသစ် ၁၄၅ ဦး တွေ့ရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦးအား တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၆ ရက်အတွက် စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၅ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၅ ဦးမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံ ၊ သာစည် မြို့နယ်တို့မှ နှစ်ဦး ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်မှ ၉၂ ဦး ၊ ရခိုင်ပြည်နယ် စစ်တွေ ၊ ကျောက်ဖြူ ၊ ပေါက်တော ၊ ကျောက်တော် ၊ ပုဏ္ဏာကျွန်း ၊ မောင်တော မြို့နယ်တို့မှ ၃၈ ဦး ၊ နေပြည်တော် ပုပ္ပသီရိ ၊ ဥတ္တရသီရိ မြို့နယ်တို့မှ သုံးဦး ၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် ၊ ဟင်္သာတ မြို့နယ်တို့မှ နှစ်ဦး နှင့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တို့မှ ၈ ဦးတို့ ဖြစ်ကြကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၆ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃,၀၀၇ ခု အား စစ်ဆေးခဲ့ရာတွင် ထိုကဲ့သို့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၅ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၄၆၄ ဦးရှိပြီ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၈ ဦး ရှိကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စက်တင်ဘာ ၆ ရက်အထိ စုစုပေါင်း ၃၈၅ ဦးရှိပြီး ၎င်းတို့အနက် ၃၆၆ ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။ (Xinhua)