Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉၄၆)ဦး စစ်ဆေးတွေ့ရှိ၊ နောက်ထပ်သေဆုံးသူ ၂၆ ဦးရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ  ၃၀ ရက်(ဆင်ဟွာ)

COVID-19  ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၆,၂၆၂ခုအား စစ်ဆေးခဲ့ရာ အတည်ပြု လူနာသစ် ၉၄၆ဦး တွေ့ရှိပြီး သေဆုံးလူနာ ၂၆ဦး ရှိခဲ့ကြောင်းကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၃၀ ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆေးခွင့်ရရှိသူ ၃၆၄ ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃,၇၅၅ဦး ရှိလာခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ စက်တင်ဘာ ၃၀ရက် ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃,၃၇၃ဦး ရှိလာခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း  ၃၁၀ဦး ရှိလာကြောင်း သိရသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများသို့ ပန်ကြားမေတ္တာရပ်ခံလိုသည်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန် နှင့် မဖြစ်မနေ ထွက်ရမည် ဆိုပါက ပါးစပ် နှင့် နှာခေါင်းစည်း တပ်ရန် ၊ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သော ပိုးတွေ့လူနာများမှာ ရောဂါလက္ခဏာ မပြသဖြင့် အကယ်၍ မိမိ၌ ရောဂါရှိပါက အခြားသူများကို ကူးစက်နိုင်ခြင်း မရှိစေရန် နှင့် အခြားသူများမှ မိမိအား မကူးစက်နိုင်စေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန် ၊ ရှောင်ရန်များကို တိတိကျကျ လိုက်နာကြရန် အသိပေးပြောကြားထားသည်။ (Xinhua)