Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၈၈၈ ဦးထပ်တိုး ၊ ရောဂါဖြစ်ပွားသူ ၃၁,၃၂၅ ဦးထိရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၈၈၈ ဦးတိုးလာပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၁,၃၂၅ ဦးထိရှိလာကြောင်း ယနေ့(အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၈၈၈ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။အလားတူ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သေဆုံးသူ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၃၉ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၇၃၂ဦးထိ ရှိလာကြောင်း သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၉,၆၅၆ အား အောက်တိုဘာ ၁၃ရက် ည ၈ နာရီမှ အောက်တိုဘာ ၁၄ ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ကြောင်း၊ Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၂,၀၉၇ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၃,၈၆၆ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၅၁,၅၂၈ဦး စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း ၃၁,၃၂၅ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)