Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၂,၀၀၀ကျော်တွင် ရောဂါပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရသူ ၁၄,၇၀၆ ဦးထိ ရှိ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (အောက်တိုဘာ ၁၅ ရက်) ညပိုင်းထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၂,၀၀၀ ကျော်ရှိလာပြီး ရောဂါပျောက်ကင်း၍ ဆေးရုံကဆင်းခွင့်ရသူ ၁၄,၇၀၆ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁,၀၂၆ဦး တိုးလာပြီး ရောဂါဖြစ်ပွားသူ ၃၂,၃၅၁ ဦးထိရှိလာကြောင်း၊ ရောဂါပျောက်ကင်း၍ ဆေးရုံကဆင်းခွင့်ရရှိသူ ၈၄၀ ဦးရှိလာသဖြင့် ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၁၄,၇၀၆ ဦးထိရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ သေဆုံးသူ ၃၃ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၇၆၅ ဦးထိ ရှိလာကြောင်း သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၉၇၅ ခု အား အောက်တိုဘာ ၁၄ ရက် ည ၈ နာရီမှ အောက်တိုဘာ ၁၅ ရက်ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၆၄,၅၅၇ ခု စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း ၃၂,၃၅၁ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)