Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာသစ် (၆၉၉) ဦးတွေ့ရှိ၊ လူနာသစ်တွေ့ရှိမှုလျော့ကျလာ

နှာခေါင်းစည်းဖြင့်သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 အတည်ပြုလူနာသစ် (၆၉၉) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၃,၄၀၅) ဦးရှိလာပြီဖြစ်ကာ ယနေ့ တွေ့ရှိမှုသည် COVID-19 ဒုတိယလှိုင်းတွင် စံချိန်သစ်တစ်ခုအဖြစ်လျော့ကျခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ နိုဝင်ဘာ ၁ရက် ညပိုင်းထုတ်ပြန်ချက်အရသိရသည်။

ယနေ့တွင် လူနာ(၂၁)ဦးထပ်မံသေဆုံးခဲ့သဖြင့် ၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၂၅၈) ဦးရှိပြီဖြစ်ကြောင်း ၊ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၄၁၅)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၄,၁၈၉)ဦး ရှိလာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၈,၁၀၈) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၆၉၆,၂၆၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ယနေ့သေဆုံးသူ(၂၁)ဦးအနက် ရောဂါအခံရှိသူ (၁၇)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၄၁၅) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၂၇၁)ဦး၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၁,၁၄၄)ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၁၂၄)ဦးအနက်Hotel Quarantine တွင် (၂၁၂)ဦး၊ Facility Quarantine တွင် (၁၃၀)ဦး၊ Community Based Facility Quarantine တွင် (၆၈၂)ဦးနှင့် Anosmia Center တွင် (၁၀၀) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၂၁၀)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၉၅၁) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ မန္တလေးတိုင်းဒေသကြီးမှ (၈၇)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၆၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၈)ဦး၊မကွေးတိုင်းဒေသကြီးမှ (၁၇)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၆)ဦး၊ ရခိုင်ပြည်နယ်မှ (၁၅)ဦး၊ မွန်ပြည်နယ်မှ(၁၄)ဦး၊ ကရင်ပြည်နယ်မှ (၆)ဦး၊နေပြည်တော်မှ (၃)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၃)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မှ (၁)ဦးနှင့် ချင်းပြည်နယ်မှ (၁)ဦး ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၂၁၀)ဦးတွင် အနံ့မရရှိသူ (၃၅၈)ဦးပါရှိကြောင်း သိရသည်။ (Xinhua)