Connect with us

MYANMAR

COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေထူထောင်ထားရှိ ၊ ပြည်တွင်း/ပြည်ပမှ ထည့်ဝင်လှူဒါန်းနိုင်

ကျန်းမာရေး ဝန်ထမ်းတစ်ဦးက COVID-19 ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေထူထောင်ထားရှိထားပြီး ပြည်တွင်း/ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ ၊ အဖွဲ့အစည်းများအနေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ယနေ့ အသိပေးကြေညာခဲ့သည်။

နိုင်ငံတော်မှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 )။ ၎င်းစာရင်းတွင် မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို စတင်ထည့်သွင်းပေးထားမည် ဖြစ်ကြောင်း ၊ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 )။ ၎င်းစာရင်းတွင် မတည်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ ကို စတင်ထည့်သွင်းထားကြောင်းလည်း အသိပေးကြေညာခဲ့သည်။

ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပြည်တွင်း/ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 ) သို့ မည်သည့် နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း နှင့် COVID-19 ကာကွယ်ဆေး ဝယ်ယူ ရရှိရေးရန်ပုံငွေ ( မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 ) သို့ မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။

COVID -19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ၊ ၎င်းဆပ်ကော်မတီမှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ပြီးဖြစ်ကြောင်းလည်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.