Connect with us

MYANMAR

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ ရန်ကုန်မြို့ရှိ ဆေးရုံများ ၊ ကျန်းမာရေးဌာနများသို့ သွားရောက်၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေ

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ ဝင်က ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ စေလွှတ်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ရန်ကုန်မြို့ရှိ ဆေးရုံများ နှင့် ကျန်းမာရေးဌာနတို့ထံ ဧပြီ ၉ ရက်တွင် သွားရောက် ကွင်းဆင်းလေ့လာ၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးထံမှ သိရသည်။

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံကြီး၊ Grand Hantha International Hospital ၊ မင်္ဂလာဒုံကျန်းမာရေးဌာနတို့သို့ သွားရောက် ကွင်းဆင်းလေ့လာ၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများ မျှဝေခဲ့ကြောင်း သိရသည်။

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ ဝင်က ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar) 

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ နှင့် မြန်မာနိုင်ငံမှ ကျန်းမာရေး တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar) 

ထို့အတူ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့်အတူ ဓာတ်ခွဲမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကာ တရုတ်နိုင်ငံမှလှူဒါန်းသည့် စက်ပစ္စည်းများအား လက်တွေ့ပြသမိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား ကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှစေလွှတ်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ဧပြီ ၈ ရက်တွင် အဖွဲ့ဝင် ၁၂ ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့်အတူ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၅ ဒသမ ၃ တန် ပါဝင်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွင် ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ် အမှတ် (၁) ဆေးရုံ၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေး ဆေးရုံများမှ အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ရောဂါ ၊ ပြင်းထန်ရောဂါ၊ ရောဂါစစ်ဆေးရေး၊ တရုတ်တိုင်းရင်းဆေး စသည့် နယ်ပယ်များမှ ကျွမ်းကျင် ပညာရှင်များ ဖြစ်ကြောင်း သိရသည်။ (Xinhua)