Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ လူနာ ကိုးဦးထပ်မံ စစ်ဆေးတွေ့ရှိ ၊ စုစုပေါင်း အရေအတွက် ၆၂ ဦးထိ ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ရှိသူ လူနာ ၉ ဦးအား ထပ်မံ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနမှ ယနေ့ ၀၀:၁၅ နာရီတွင်ထပ်မံကြေညာခဲ့ပြီးနောက် ပိုးရှိသူ လူနာ အရေအတွက်မှာ စုစုပေါင်း ၆၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

ယခု နောက်ဆုံး COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သူ လူနာ ၉ ဦးမှာ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီ ၁၃ ရက် တွင် စစ်ဆေးခဲ့သော COVID-19 ရောဂါ ဓာတ်ခွဲတွေ့ရှိမှုများအား ကြေညာခဲ့ရာတွင် ပထမ အသုတ် အဖြစ် ၁၁ ဦး ၊ ဒုတိယ အသုတ် အဖြစ် ၁ ဦး နှင့် တတိယ အသုတ် အဖြစ် ၉ ဦးတို့တွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ 

အဆိုပါ ထုတ်ပြန်သော COVID-19 ရောဂါပိုး တွေ့ရှိရသည့် လူနာများတွင် အသက်အကြီးဆုံး အဖြစ် အသက် ၅၄ နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် အသက် အငယ်ဆုံး ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးတို့ထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ 

လက်ရှိတွင် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများအား ထုတ်ပြန်မှု အရ ဧပြီ ၁၃ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ လူနာ ၂၁ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)