Connect with us

VIDEO

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံ မှ ပြန်လည်ထွက်ခွာ

ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

 

မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ သည် COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီမှုများ ရက်သတ္တပတ် နှစ်ပတ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ဧပြီ ၂၂ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အကြံပေးမှု နှင့် လမ်းညွှန်မှုများသည် လက်တွေ့ကျပြီး အလွန်အထောက်အကူ ပြုကြောင်း ၊ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း စိန်ခေါ်မှုများကြားထဲမှ ပံ့ပိုးမှု နှင့် ကူညီမှုများ အတွက် မိမိတို့ အနေဖြင့် ကျေးဇူးတင်ရှိကြောင်း   ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် မြန်မာနိုင်ငံ၌ ၁၄ ရက်ကြာခန့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ဆေးပညာရှင်တို့ နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြောင်း ၊ နိုင်ငံအနှံ့ရှိ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် video conferencing စနစ်ဖြင့် အတွေ့အကြုံများကို မျှဝေခဲ့ပြီး ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အတွက် လိုအပ်သည့် ဆရာဝန်များအား သင်တန်းများလည်း ပေးခဲ့ကြောင်း ၊ မြန်မာနိုင်ငံရှိ ဆရာဝန်များ နှင့်အတူ ဓာတ်ခွဲအတည်ပြု လူနာများကို ဆေးကုသပေးရန် ကူညီပေးခဲ့ကြောင်း ၊ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့နှင့်အတူ ပါလာသည့် ကုသရေး ပစ္စည်းများသည်လည်း မြန်မာနိုင်ငံ အတွက် များစွာ အထောက်အကူပြုခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်သည့် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၈ ရက်တွင် ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ဆေးပညာရှင် များနှင့်အတူ ၁၄ ရက်ကြာခန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.