Connect with us

VIDEO

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေခြင်းကို ပထမဆုံး တွေ့ရှိခဲ့သည့် ဒေါက်တာကျန်းကျီရှန်

ဟူပေ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှိ တရုတ်တိုင်းရင်းဆေးနှင့်အနောက်တိုင်းဆေးဝါးများ ပေါင်းစပ်မြှင့်တင်ကုသရေးဆေးရုံမှ  ဆရာဝန် ဒေါက်တာ ကျန်းကျီရှန် သည် ဆေးပညာအသိုင်းအဝိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေခြင်းကို ပထမဆုံး စတင် သတိပြုမိခဲ့သူတစ်ဦးဖြစ်သည်။

ဒေါက်တာ ကျန်းကျီရှန်  ကကျွန်မတို့ ဒီဇင်ဘာ ၂၆ ရက်မှာ ဖျားနေတဲ့ အသက်ကြီးပိုင်း အမျိုးသမီး လူနာတစ်ယောက်ကို တွေ့ပါတယ် သူက ချောင်းလည်းဆိုးနေပြီး အသက်ရှူရခက်ခဲနေတာပါ သူနဲ့အတူ သူ့အမျိုးသားနဲ့ သားဖြစ်သူလည်း ပါလာပါတယ်၊ သူ့အမျိုးသားကလည်း မောပန်းနွမ်းနယ်နေလို့ ဆရာဝန်နဲ့ပြခဲ့ပါတယ်၊ သူကတော့အဖျားမရှိပါဘူး၊ အမျိုးသမီးရော သူ့ခင်ပွန်းပါ နေမကောင်း ဖြစ်ကြတာကြောင့် သားဖြစ်သူက လိုက်ပို့တာပါ၊ ဒါနဲ့ သားဖြစ်သူပါ ဖျားနာနေလားလို့ကျွန်မတို့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ သားဖြစ်သူရဲ့ အဆုတ်မှာပါ ကျန်းမာရေးမကောင်းတာကို တွေ့ရှိခဲ့ပါတယ်၊ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အဆုတ် ရဲ့ အစိတ်အပိုင်းအချို့ အခဲဖြစ်နေတာ ကို တွေ့ရှိခဲ့တာပါ၊ သူ့အဆုတ်မှာ ပုံမှန်မဟုတ်တဲ့လက္ခဏာဖြစ်ပေါ်နေတဲ့ အစိတ်အပိုင်းက ကျွန်မတို့မြင်ဖူးနေတာထက် ပိုများပြီးတော့ ပိုကြီးနေတာပါဟုဆိုသည်။

ဒေါက်တာကျန်းသည် လူနာ ယောက် လက္ခဏာ ကြောင့် ထိုရောဂါ အပေါ် အထူးသတိပြုမိခဲ့သည်။ရောဂါ လက္ခဏာမှာ ထူးခြားသောကြောင့် ဆေးရုံနှင့် ကျန်းမာရေးဋ္ဌာနမှ တာဝန်ရှိသူများ ထံ သတင်းပေးပို့ခဲ့သည်။

ဒေါက်တာ ကျန်းကျီရှန်  ကကျွန်မတို့ ဆေးရုံမှာ ကျွမ်းကျင်သူ ၁၀ ဦးလောက် နဲ့ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ ဆွေးနွေးပြီးတာနဲ့ ဒါဟာ တကယ် ထူးဆန်းတဲ့ လက္ခဏာ ဖြစ်တယ်ဆိုတာကိုကျွန်မတို့ သိလိုက်ပါတယ်၊ ဒါနဲ့ ခရိုင်မှာရှိတဲ့ ရောဂါပိုးကာကွယ်ထိန်းချုပ်ရေးဋ္ဌာန၊ မြူနီစီပယ်နှင့် ပြည်နယ်အစိုးရ များ ဆီ သတင်းပေးပို့လိုက်ပါတယ်၊ ကျွန်မတို့တော့ ပုံမှန်မဟုတ်တဲ့ရောဂါ လက္ခဏာ တစ်ခုခုကိုတွေ့ရပါတယ်၊ ဒါပေမဲ့ အဲဒါက ဘာဆိုတာတော့မသိပါဘူးဆိုပြီးတော့ပေါ့ ဟုဆိုသည်။

ထိုအစီရင်ခံစာကို လက်ခံရရှိပြီးနောက် အာဏာပိုင်များက ကူးစက်ရောဂါဆိုင်ရာလေ့လာစောင့်ကြည့်စုံစမ်းရေးများကို ချက်ချင်းဆောင်ရွက်စေခဲ့သည်။ ဝူဟန့် မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများသို့ အရေးပေါ်အသိပေးကြေညာစာကို ဒီဇင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့သည်။ ထိုစာထဲတွင် ဖြစ်ပွားရသည့်အကြောင်းအရင်းမသိသော နမိုးနီးယား ရောဂါတစ်မျိုး မြို့ထဲတွင် စတင်ဖြစ်ပွားနေကြောင်းအသိပေးခဲ့သည်။ အမျိုးသားကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်တွင် ကျန်းမာရေးအဖွဲ့တစ်ဖွဲ့နှင့်အတူ ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့ကို ဝူဟန့်မြို့သို့ စေလွှတ်ခဲ့သည်။

ဖေဖော်ဝါရီလတွင် ဟူပေပြည်နယ်အစိုးရက ဒေါက်တာကျန်းကို ၎င်း၏ တွေ့ရှိမှုကြောင့်ပြည်နယ်အတွင်း ကူးစက်ရောဂါကို ပထမဆုံးတွေ့ရှိသူ အဖြစ် ဆုချီးမြှင့်ခဲ့သည်။

ဒေါက်တာ ကျန်းရှီချန်း  ကကျွန်မက ဆရာဝန်တစ်ယောက်လေ၊ ကျွန်မ အနေနဲ့ ကတော့ ဆရာဝန်တစ်ယောက်လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံပါပဲ ဟုဆိုသည်။

 

ဧပြီ ၁၅ ရက်အထိ WHO မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ တကမ္ဘာလုံးတွင် ကပ်ရောဂါကြောင့် လူပေါင်း ၁၂၃၀၀၀ သေဆုံးခဲ့ပြီဖြစ်သည်ဟုဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.