Connect with us

VIDEO

အင်္ဂါဂြိုဟ်မျက်နှာပြင်အား မည်သည့်အရာများဖြင့် ဖွဲ့စည်းထားသည်ကို သိရှိရန် တရုတ်နိုင်ငံမှ လွှတ်တင်သည့် အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်က ရှာဖွေပေးမည် 

ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် ၏ အကြီးဆုံး စိန်ခေါ်မှု အလုပ်တစ်ခုမှာ အင်္ဂါဂြိုဟ်မျက်နှာပြင်အား မည်သည့်အရာများဖြင့် ဖွဲ့စည်းထားသည်ကို သိရှိရန် လေ့လာရမည့် အလုပ်ပင်ဖြစ်သည်။ အင်္ဂါဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းပုံ လေ့လာရေးကိရိယာနှင့် အင်္ဂါဂြိုဟ် သတ္တုတွင်းထွက်လေ့လာရေးကိရိယာများ ပါဝင်သည့် ၎င်းယာဉ် သည် အင်္ဂါဂြိုဟ်၏ မြေသားအခြေအနေ ၊ ရေနှင့် ရေခဲ ဖွဲ့စည်းပုံနှင့် မျက်နှာပြင် ပါဝင်ပစ္စည်းများကို လေ့လာဆန်းစစ်သွားမည်ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အင်္ဂါဂြိုဟ်လေ့လာရေးယာဉ် ကို စေလွှတ်ခဲ့ပြီး ဂြိုဟ်ပတ်လမ်း၊ လုပ်ငန်းစဉ်တစ်ခုအတွင်း ဆင်းသက်ပုံ၊ ဂြိုဟ်တုလွှတ်တင်ခြင်း နှင့် ဆိုလာ စနစ် တွင် ဂြိုဟ်တု လေ့လာရေး၏ ပထမအဆင့် ကို ဆောင်ရွက်ရန် ရည်ရွယ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.