Connect with us

VIDEO

တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ COVID-19 ကုသရေး အတွက် လှူဒါန်းသည့်အသက်ရှူစက်များ ရောက်ရှိ

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကုသရေး အတွက် လှူဒါန်းသော အသက်ရှူစက်(ventilators) အစုံ ၂၀ သယ်ဆောင်လာသော လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၂ ရက်တွင် ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ယခုရောက်ရှိလာသည့်စက်များမှာ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အစိုးရကို အရေးတကြီး ကူညီလှူဒါန်းပေးသည့် အသက်ရှူစက်များ ဖြစ်ကြောင်း ၊ ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ ထပ်မံ လှူဒါန်းပေးမည့် အသက်ရှူစက် ၁၅ စုံသည် မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း ၊ ယင်းအသက်ရှူစက်များအား ရောဂါ ကုသရေး လုပ်ငန်းတွင် အမြန်ဆုံး အသုံးပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံ အစိုးရမှ အသက်ရှူစက် အစုံ ၁၅ စုံ ၊ နှာခေါင်းစည်း အခုရေ ၁,၇၀၀,၀၀၀ ၊ N95 နှင့် KN95 နှာခေါင်းစည်း အခုရေ ၆၀,၀၀၀ ၊ (PPE)  အကာအကွယ်ဝတ်စုံ ၃၀,၀၀၀ စုံ ၊ goggles အခုရေ ၃၀,၀၀၀ နှင့် nucleic acid စမ်းသပ်ကိရိယာ ၁၅၀,၀၀၀ တို့ကို မကြာမီ ထပ်မံပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.