Connect with us

WORLD

သီရိလင်္ကာနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံတကာဆိုက်ရောက်မှုများအတွက် နယ်စပ်များ ပြန်လည်ဖွင့်လှစ်

သီရိလင်္ကာနိုင်ငံ Katunayake ရှိ Bandaranaike နိုင်ငံတကာလေဆိပ်သို့ Oman Air လေကြောင်းခရီးစဉ်ဖြင့် ခရီးသည်များ ရောက်ရှိလာပြီးနောက် ငွေကြေးလဲလှယ်ရန် စောင့်ဆိုင်းနေသည်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

သီရိလင်္ကာနိုင်ငံက နိုင်ငံအားလုံးမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များနှင့် နိုင်ငံတကာ ခရီးသည် ဆိုက်ရောက်မှုများအတွက် နယ်စပ်များကို ဇန်နဝါရီ ၂၁ ရက်က အပြည့်အဝ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသား ၅၀ ဦးကို တင်ဆောင်လာသော Oman Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ကိုလံဘိုမြို့ရှိ Bandaranaike နိုင်ငံတကာလေဆိပ် (BIA)သို့ ဇန်နဝါရီ ၂၁ ရက် အစောပိုင်းက ဆိုက်ရောက်လာခဲ့သည်။

သီရိလင်္ကာနိုင်ငံ Katunayake ရှိ Bandaranaike နိုင်ငံတကာလေဆိပ်သို့ Oman Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဆိုက်ရောက်လာသည်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Katunayake ရှိ Bandaranaike နိုင်ငံတကာလေဆိပ်တွင် ခရီးဆောင်အိတ်တစ်လုံးကို ပိုးသတ်ဆေးဖျန်းနေသည်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ကြောင့် ထိခိုက်ခဲ့ရပြီး လူပေါင်း သုံးသန်းကို အလုပ်ခန့်ထားပေးနိုင်သည့် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်ပေးသည့်အတွက် သမ္မတ Gotabaya Rajapaksa နှင့် ဝန်ကြီးချုပ် Mahinda Rajapaksa တို့အား ကျေးဇူးတင်ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Prasanna Ranatunga က ကိုလံဘိုမြို့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဘေးကင်းစိတ်ချမှု အသေးစိတ် လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်လျက်ရှိကြောင်း သီရိလင်္ကာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (SLTDA) ဥက္ကဋ္ဌ Kimarli Fernando က ပြောခဲ့သည်။

“ဒီဆောင်ရွက်ချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း နေရာတကျ စီစဉ်ထားပါတယ်။ သီရိလင်္ကာအနေနဲ့ အသင့်ဖြစ်နေပါပြီ။ ခရီးသွားဧည့်သည်တွေကို ပြန်လည်ကြိုဆိုဖို့ ဖွင့်လှစ်လိုက်ပါပြီ” ဟု Fernando က ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံ ခရီးသွားလုပ်ငန်းအနေဖြင့် ခရီးသွားဧည့်သည်များ နောက်ဆုံးပေါ် သတင်းအချက်အလက်နှင့် ပံ့ပိုးမှု ရရှိနိုင်ရန် အွန်လိုင်းသတင်းအချက်အလက် portal နှင့် ဖုန်း သို့မဟုတ် e-mail မှတစ်ဆင့် ဆက်သွယ်နိုင်သည့် ၂၄ နာရီ ဝန်ဆောင်မှုစင်တာကိုလည်း ဖန်တီးထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် လက်ရှိတွင် တစ်နေ့လျှင် ရောက်ရှိလာသည့် ခရီးသွားဧည့်သည် ၂,၅၀၀ ကို PCR စစ်ဆေးမှု လုပ်ပေးနိုင်စွမ်းရှိကြောင်း၊ ခရီးသွားဧည့်သည်များအနေဖြင့် အာမခံ ဝယ်ယူရမည်ဖြစ်ပြီး ၎င်းတို့၏ PCR စစ်ဆေးမှုများအတွက် အခကြေးငွေ ကျခံရမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင်မူ ကွာရန်တင်း (quarantine) ဝင်ရောက်ရမည့် ကာလ သို့မဟုတ် ခရီးသွားဧည့်သည်များအတွက် အနည်းဆုံးနေထိုင်ရမည့်ရက်ကို သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ Bandaranaike နိုင်ငံတကာလေဆိပ်နှင့် နိုင်ငံတောင်ပိုင်းရှိ Mattala Rajapaksa နိုင်ငံတကာလေဆိပ်များတွင် SriLankan Airlines အမျိုးသားလေကြောင်းလိုင်း အပါအဝင် အနည်းဆုံး လေကြောင်းလိုင်း ၈ ခုမှ ခရီးသည်တင်လေယာဉ်နှင့် စင်းလုံးငှားလေယာဉ်များအတွက် ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Sri Lanka fully reopens borders to tourists, international arrivals
Source: Xinhua| 2021-01-22 09:45:33|Editor: huaxia
Sri Lanka fully reopened its borders to tourists and international arrivals from all countries.
COLOMBO, Jan. 22 (Xinhua) — Sri Lanka fully reopened its borders to tourists and international arrivals from all countries on Thursday.
An Oman Air flight carrying 50 Sri Lankans arrived at the Bandaranaike International Airport (BIA) in Colombo early Thursday.
Speaking to media in the commercial capital Colombo, Minister of Tourism Prasanna Ranatunga thanked President Gotabaya Rajapaksa and Prime Minister Mahinda Rajapaksa for reviving the COVID-19-affected tourism industry which employs three million people.
Sri Lanka Tourism Development Authority (SLTDA) Chairperson Kimarli Fernando said that the tourism ministry has formulated detailed safety protocols and procedures in consultation with the health ministry.
“With all these measures, processes and protocols sat in place, Sri Lanka is ready and Sri Lanka is open to welcome back our visitors,” Fernando said.
Sri Lankan tourism has created an online information portal and a 24-hour operational center contactable via phone or e-mail, with which tourists can have access to support and information updates.
Sri Lanka currently has a PCR testing capacity for 2,500 tourist arrivals per day. Tourists will have to purchase insurance and pay for their own PCR tests. Currently, there is no quarantine period or minimum stay set for visiting tourists.
The Bandaranaike International Airport in the country’s west and the Mattala Rajapaksa International Airport in the south are both currently opened to scheduled and chartered flights from at least eight airlines including Sri Lanka’s national carrier SriLankan Airlines. ■
1-Passengers of an Oman Air flight wait in line to exchange money after arriving at the Bandaranaike International Airport in Katunayake, Sri Lanka, on Jan. 21, 2021. (Xinhua)
2- An Oman Air flight arrives at the Bandaranaike International Airport in Katunayake, Sri Lanka, on Jan. 21, 2021. (Xinhua)
3- Workers disinfect a piece of luggage at the Bandaranaike International Airport in Katunayake, Sri Lanka, on Jan. 21, 2021. (Xinhua)