နယူးယောက် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကြောင် နှစ်ကောင်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ယင်းမှာ အမေရိကန်နိုင်ငံ၌ ပထမဆုံးအနေဖြင့် ကြောင်များတွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗဟိုအစိုးရအေဂျင်စီက ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
ဆန်းကျန့် ၊ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ခရီးသွားများဆွဲဆောင်မှုအသင်းနှင့် နိုင်ငံအတွင်း ပန်းဥယျာဉ်ဖော်ဆောင်ရေးနှင့် ူုြလုပ်ငန်းလည်ပတ်ရေး ဦးဆောင်အဖွဲ့ဖြစ်သည့် OCT အုပ်စုလက်အောက်ခံ သုတေသနအဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်းပြီး ခရီးသွားများအတွက်အပျော်ရွှင်ဆုံး ဆွဲဆောင်ရာနေရာ ညွှန်းကိန်းတစ်ခု ကို ဧပြီ ၂၀ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
လန်ဒန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အင်္ဂလန်ပရီးမီးယားလိဂ်မှ အာဆင်နယ်ဘောလုံးအသင်းသည် ၎င်းတို့၏ ပထမအသင်းကစားသမားများနှင့် နည်းပြချုပ် မီကဲလ်အာတီတာ (Mikel Arteta) အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သက်ရောက်မှုကြောင့် အသင်းအားပြန်လည် ထောက်ပံ့ရန် ၎င်းတို့၏လုပ်ခလစာထဲမှ ၁၂.၅ ရာခိုင်နှုန်း ဖြတ်တောက်မှုအပေါ် သဘောတူခဲ့ကြကြောင်း ကလပ်အသင်းက ကြေညာခဲ့သည်။
နန်ကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) နှာခေါင်းစည်း အခုရေ သန်း ၂၀ တင်ဆောင်လာသည့် တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း စူကျိုးမြို့မှ ဧပြီ ၂၀ ရက်က ထွက်ခွာသွားခဲ့ပြီး ၁၂ ရက်အကြာ၌ မော်စကိုမြို့သို့ ရောက်ရှိမည်ဟု သိရသည်။
ဘဂ္ဂဒက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေးတိုးမြှင့်ရန် တရုတ်နိုင်ငံ၏ ကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများသည် ဘဂ္ဂဒတ်မြို့သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဗျူနိုစ်အဲရစ် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံမှ ထပ်မံ ကူညီပေးပို့သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း ၁၄ တန်ကို အာဂျင်တီးနားနိုင်ငံက လက်ခံရရှိခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ သမ္မတရုံးမှ ဧပြီ ၂၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဂျေရုစလင်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၁၆၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဧပြီ ၂၀ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၃,၆၅၄ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ဖော်ပြပါ စာရင်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ဖြစ်ပွားသည့်အတည်ပြုလူနာအရေအတွက်ကို အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာနမှ ဧပြီ ၂၀ ရက် ဂရင်းနစ်စံတော်ချိန် ၀၅၀၀ နာရီအထိ နောက်ဆုံး ကောက်ယူရရှိခဲ့သော ကိန်းဂဏန်းအချက်အလက်များ ဖြစ်သည်။
အစ္စတန်ဘူလ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တူရကီနိုင်ငံတွင် ဧပြီလ ၁၉ ရက်က COVID-19 ရောဂါ အသစ်ထပ်တိုး လူနာ ၃,၉၇၇ ဦးရှိရာ စုစုပေါင်းအတည်ပြုလူနာ ၈၆,၃၀၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca ၏ ယင်းနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည့် နောက်ဆုံးရ...
ဒါကာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်လေတပ်(BAF) မှ အထူးလေယာဉ်တစ်စင်းဖြင့်သယ်ဆောင်လာသော တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် COVID-19 ရောဂါကာကွယ်ရေး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းဝန်ဆောင်မှု ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။