Connect with us

Myanmar

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း တူရကီနိုင်ငံ၌ ခြေစမ်းပွဲ သုံးပွဲကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ လေ့ကျင့်ရေးခရီးစဉ် အတွင်း ခြေစမ်းပွဲ သုံးပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ ယနေ့နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

“တူရကီနိုင်ငံက အသင်းဖြစ်တဲ့ Manavgastpor အသင်း၊ Burndi အသင်း၊ အင်ဒိုနီးရှားလက်ရွေးစင် အသင်းတို့ နဲ့ ခြေစမ်းပွဲကစားမှာပါ’’ ဟု ဦးဇော်မင်းထိုက်က ပြောသည်။
Manavgastpor ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကို နိုဝင်ဘာ ၉ ရက်၊ Burndi ဘောလုံးအသင်း နှင့် ခြေစမ်းပွဲကို နိုဝင်ဘာ ၁၃ ရက်၊ အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီက ရလဒ်တွေကောင်းရင် ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထပ်ပြီးအဆင့်မြင့်တက်ဖို့ရှိတယ်။ လက်ရှိကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ကျွန်တော်တို့ မြန်မာဘောလုံးအသင်းက အဆင့် ၁၄၅ မှာရှိပါတယ်’’ ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)