Connect with us

Myanmar

လွှတ်တော်ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်မှ ပြန်မည်ဟု ဆို

နေပြည်တော် စည်ပင် ဧည့်ရိပ်သာ (၂) ပင်မ အဝင်အထွက်ဂိတ်ကို တွေ့ရစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော်စည်ပင် ဧည့် ရိပ်သာ၌ တည်းခိုနေကြသည့် နိုင်ငံ့အဝှမ်းမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအား မိမိတို့နေရပ်သို့ ပြန်နိုင်ကြပြီ ဖြစ်ကြောင်း တပ်မတော်က ယနေ့ နေ့လယ်ပိုင်းတွင် စတင် ခွင့်ပြု ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကမူ ဖေဖော်ဝါရီ ၆ ရက်နေ့ကျမှ အတူပြန်ကြရန် ပါတီက ညွှန်ကြားထားသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် တတိယ အကြိမ် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ် အများစုတို့သည် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂)သို့ ဇန်နဝါရီ ၂၃ ရက်တွင် ရောက်ရှိခဲ့ကြပြီး ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှု ခံယူခဲ့ကြကြောင်း၊ ၎င်းတို့သည် ဖော်ဖော်ဝါရီ ၁ ရက် နှင့် ၂ ရက်နေ့ နေ့လယ်ပိုင်းအထိ စည်ပင် ဧည့်ရိပ်သာဝင်း အတွင်း နေထိုင်ခဲ့ကြရကြောင်း၊ စည်ပင် ဧည့်ရိပ်သာ (၂) တွင် တည်းခိုလျက်ရှိသည့် တိုင်းရင်းသား ပါတီဝင် လွှတ်တော်အမတ်များသည်လည်း အဆိုပါ ဖေဖော်ဝါရီ ၆ ရက်နေ့ ကျမှ သာ နေရပ်သို့ ပြန်နိုင်ဖွယ် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.