Connect with us

Myanmar

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ် အား ရှုံးနိမ့်

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်တို့ ဖေဖော်ဝါရီ ၂၅ရက်တွင် စင်ကာပူနိုင်ငံ၌ ထိုးသတ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- One Championship)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ် တို့၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲကို စင်ကာပူနိုင်ငံ၌ ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အောင်လအန်ဆန်က သုံးချီထိုးအပြီး ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်တို့ ဖေဖော်ဝါရီ ၂၅ရက်တွင် စင်ကာပူနိုင်ငံ၌ ထိုးသတ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ– One Championship)

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်တို့ ဖေဖော်ဝါရီ ၂၅ရက်တွင် စင်ကာပူနိုင်ငံ၌ ထိုးသတ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ– One Championship)

အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ တွင် လက်လွှတ်ရပြီးနောက် စိန်ခေါ်ပွဲများသာ ထိုးသတ်နေရပြီး ကမ္ဘာ့ချန်ပီယံဆုအတွက် ပြန်လည်စိန်ခေါ်ခွင့်မရသေးကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ ယခုအကြိမ်ထိုးသတ်မှုမှာ တတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ကြိမ်တွင်
တစ်ကြိမ်စီ အနိုင်ရထားခဲ့ကြကာ အောင်လအနေဖြင့် ယနေ့ပွဲ၌ ဘစ်ဒက်ရှ်အား ရှုံးနိမ့်မှုမှာ ဒုတိယအကြိမ် ရှုံးနိမ့်မှုလည်းဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် Vitaly Bigdash ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟု ဒိုင်များ ၏ တညီတညွတ်တည်း ဆုံးဖြတ်မှု နှင့် အတူ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူ ဆွတ်ခူး ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117