Connect with us

Agriculture

တောင်သူဦးကြီးများ ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ရရှိနိုင်ရေး အသိပေး ကြေညာ

လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်နေသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

တောင်သူဦးကြီးများ အနေဖြင့် ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ရရှိနိုင်ရေး အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊ မြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း စိုက်ပျိုးစရိတ် ချေးငွေများကို ၂၀၁၈ ခုနှစ် ဆောင်းချေးငွေအား ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၂၆ ရက်မှ ဒီဇင်ဘာ လကုန် အထိ လည်းကောင်း ၊ ၂၀၁၉ ခုနှစ် မိုးကြိုချေးငွေအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လကုန် အထိ လည်းကောင်း ၊ ၂၀၁၉ ခုနှစ် မိုးချေးငွေအား ၂၀၁၉ ခုနှစ် မေလ ၂ ရက်မှ စက်တင်ဘာ လကုန် အထိ လည်းကောင်း ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ် ၂၀၁၈ မိုးချေးငွေ ထုတ်ချေး သကဲ့သို့ပင် “တောင်သူ တစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)မူရင်းကို ဘဏ်သို့အပေါင်အဖြစ် ပေးအပ်၍ တောင်သူ တစ်ဦးချင်း ကိုယ်တိုင် အာမခံသော စနစ်”ဖြင့် လွယ်ကူ ရှင်းလင်းစွာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း အတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူလယ်သမား ဦးကြီးများသို့မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တဆင့် ရာသီအလိုက် ထုတ်ချေးလျက် ရှိရာ ယခု အစိုးရသစ် လက်ထက်တွင် တစ်ဧက ချေးငွေ နှုန်းထားများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စပါး သီးနှံ အမျိုးအစား အား ကျပ် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ လည်းကောင်း ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အခြား သီးနှံ အမျိုး အစား အား ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ လည်းကောင်း တိုးမြှင့် ထုတ်ချေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အခြား သီးနှံ အမျိုး အစား အား ကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ သို့ တိုးမြှင့် ထုတ်ချေး သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)