Connect with us

Agriculture

ကန်ထရိုက်လယ်ယာအတွက် အစိုးရက နည်းပညာများ ကူညီမည်

စိုက် - မွေး - ဆည် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တောင်သူများအတွက် ဈေးကွက်၊ ဈေးျနှုန်းအာမခံချက်များနှင့် အခြား အထောက်အပံ့များ ပါဝင်သည့် ကန်ထရိုက် လယ်ယာ (contract farming) အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နည်းပညာများ ကူညီပေးမည်ဟု ၎င်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ယနေ့ ညနေ ပြောကြားခဲ့သည်။

“ကန်ထရိုက်လယ်ယာစနစ်မှာ ပါဝင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ တောင်သူလယ်သမားများ နှစ်ဦး နှစ်ဘက် အကျိုး ဖြစ်ထွန်းစေရေးနှင့် အပြန်အလှန် နားလည် ယုံကြည်စွာ ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးအတွက် တည်ဆဲ ဥပဒေ နည်းဥပဒေများနဲ့ ထိန်းကျောင်း ဆောင်ရွက်ပေးပါမယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောာကားခဲ့သည်။

ဧရာဝတိတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေယံထွန်း အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

IGE Group of companies CEO ဦးသန်းဝင်းဆွေ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

MAYLP Co., Ltd. MD ဦးစိုးလင်းထွန်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကန်ထရိုက်လယ်ယာပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ကန်ထရိုက်လယ်ယာပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော် The Hotel Amara ၌ ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သော ကန်ထရိုက် လယ်ယာ လုပ်ငန်းအား ပုဂ္ဂလိက ကုမ္ပဏီ လေးခုတို့က စိုက် – မွေး – ဆည် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရှေ့မှောက်တွင် သဘောတူ လက်မှတ်ရေးထိုးပွဲ (Official Signing ceremony of Strategic Cooperation Agreement) ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီလေးခုတို့မှာ ဆန်တင်ပို့ရောင်းချမည့် Myanmar Rice Trading Co., Ltd. , တောင်သူတို့အား စပါးမျိုးစေ့နှင့် စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုး ကူညီပေးမည့် MAYLP Agriculture Co., Ltd. , သွင်းအားစု မြေသြဇာ ပံ့ပိုးပေးမည့် TP Agrifert Co., Ltd. နှင့် ဆန်များ ဝယ်ယူပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်သွင်းမည့် Guangdong Mixiaoben Import & Export Co., Lted. တို့ ဖြစ်ကြပြီး သဘောတူ စာချုပ်အရ ကနဦးအဆင့် (Pilot Project) အဖြစ် ၂၀၁၉ နွေစပါး ရာသီတွင် ဧရာဝတီတိုင်းဒေသကြီး စပါးစိုက်ဧက တစ်သောင်းပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူတို့ အဓိက လိုအပ်ချက် ဖြစ်သည့် စိုက်ပျိုးရေး သွင်းအား စုများ၊ အခြောက်ခံစက်နှင့် ကြိတ်ခွဲ ထုတ်လုပ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ ထွက်ရှိလာ သည့် စပါး အားလုံးကို ပြန်လည် ဝယ်ယူမည့် ဈေးကွက် အာမခံမှုများ၊ နိုင်ငံတော် က သတ်မှတ်ထား သည့် အခြေခံ စပါးပေါက်ဈေး( တင်း တစ်ရာလျှင် ကျပ် ငါးသိန်း) ထက် မနိမ့်သော ဈေး၊ စသည့် အာမခံချက်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.